Huawei Pura 70 ဒီဇိုင်းနဲ့ iPhone ပုံစံ Camera Button ပါမယ့်ဖုန်း
အကောင်းဆုံးဖုန်းဒီဇိုင်းတွေ ပေါင်းစပ်ထားတဲ့ mid-range Honor ဖုန်းကို မကြာခင် မြင်တွေ့ရတော့မှာပါ။
Honor ရဲ့ ဂဏန်းစီးရီးတွေထဲက Honor 400 Lite ရဲ့ ဒီဇိုင်း leak တွေကို ကြည့်လိုက်ရင် နောက်ဆုံးပေါ် iPhone နဲ့ Huawei Pura 70 ဖက်ရှင်ကို ပေါင်းစပ်ထားတာ တွေ့ရမှာပါ။ အခု leaks တွေက official နဲ့ တော်တော်ကြီး နီးစပ်ပါတယ်။
Honor 400 Lite ကို ဟန်ဂေရီအွန်လိုင်း retail တစ်ခုမှာ ဈေးနဲ့ ပုံတွေ တင်လာတာ တွေ့ရလို့ပါ။ ပုံအရ Honor 400 Lite က Flat body နဲ့လာပြီး ရှေ့မှာ iPhone 16 Pro မှာလိုမျိုး ဆေးတောင့်ပုံ dynamic island သုံးထားတာ တွေ့ရပါတယ်။ ကျောဘက်ကင်မရာအိမ်ဒီဇိုင်းက Huawei Pura 70 စီးရီးဆန်ဆန် တြိဂံကင်မရာဖွဲ့စည်းမှုနဲ့ လာပါတယ်။
Connextion ဆိုတဲ့ ဟန်ဂေရီလက်လီဆိုင်ကတော့ Honor 400 Lite ရဲ့ ဈေးတွေနဲ့ တချို့ specs တွေပါ ချပြထားပါတယ်။ ဒီဖုန်းက ၆.၇ လက်မ OLED display နဲ့ လာပြီး Android 15 ၊ MediaTek Dimensity 7025 SoC နဲ့ RAM 8GB/256GB Storage တို့ ပါလာမှာပါ။
ကျောဘက်မှာ 108MP main sensor ပါတဲ့ dual camera စနစ်နဲ့ LED flash တို့ သုံးလာမယ်လို့ ဆိုပါတယ်။ ထူးထူးခြားခြား ပြောစရာတစ်ခုက ဖုန်းညာဘေးဘောင်မှာ iPhone ပုံစံ ကင်မရာခလုတ်ပါ ထည့်ထားတာပါ။ တခြား ဘက်ထရီ ၊ ကင်မရာ နဲ့ Charging တွေအကြောင်းတော့ မသိရသေးပါဘူး။
ဟန်ဂေရီ retalier ကတော့ Honor 400 Lite ကို အနက် ၊ ငွေရောင်နဲ့ စိမ်းပြာရောင် သုံးမျိုးနဲ့ ပြထားပါတယ်။ 8/256GB ဗားရှင်းကိုလည်း ဟန်ဂေရီငွေကြေး ၁၃၈၂၈၀ (ဒေါ်လာ ၃၈၀ ခန့်) လို့ ဖော်ပြထားလို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးလို့ ပြောရမှာပါ။
Honor 400 စီးရီးက မေလထဲမှာ ထွက်ဖို့ များပါတယ်။ ဒီစီးရီးမှာ Honor 400 Lite နဲ့အတူ Honor 400 ၊ Honor 400 Pro တို့လည်း တရုတ်ဈေးကွက်မှာ မိတ်ဆက်ဖို့ ပြင်နေပါတယ်။
