မြန်မာ့အာမခံလုပ်ငန်းက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးမည်
ရန်ကုန်၊ ဧပြီ ၂
မြန်မာ့အာမခံလုပ်ငန်းက မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာ့အာမခံလုပ်ငန်းမှာ မီးနဲ့ မြေငလျင်ဘေးဒဏ်အကာအကွယ်နဲ့ အာမခံထားရှိခဲ့တဲ့ အစိုးရဌာနများ၊ လုပ်ငန်းရှင်တွေနဲ့ ပြည်သူများပိုင် အဆောင်အဦ၊ စက်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုတွေကို စိစစ်တွက်ချက်ပြီး အမြန်ဆုံးပေးလျော်သွားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သက်ဆိုင်သူတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်ရုံးချုပ်)နဲ့ နီးစပ်ရာ မြန်မာ့အာမခံလုပ်ငန်းရုံးခွဲတွေထံ ဆက်သွယ်ပြီး လျော်ကြေးတောင်းခံစာတွေ ပေးပို့ကြဖို့ အကြောင်းကြားထားကာ ဖုန်းနံပါတ် ၀၉ ၄၂၅၂၆၃၄၄၇၊ ၀၉ ၇၆၅၂၁၀၄၆၈ ထံ ဆက်သွယ်စုံစမ်းကြဖို့ အသိပေးထားပါတယ်။
သတင်း - BETV Business
