10 w - Translate

Mansory ဘက်ကတော့ ဒီကားကို "Elongation" ဆိုပြီး နာမည်ပေးထားတယ်။ ဗမာလိုဆိုရင်တော့ "ရှယ်လာခြင်း" လို့ အဓိပ္ပါယ်ရတယ်ပေါ့။ ဘာတွေ ရှည်လာသလဲတော့ မသိပေမယ့် ဒီနာမည်ကို သိပ္ပံစာအုပ်တစ်ခုထဲကနေများ ယူမှည့်ထည့်သလား? Cybertruck ကို ပိုအရုပ်ဆိုးသွားအောင်လုပ်တာ အားမရလို့ Elon Musk ကိုပါ ထပ် Troll ချင်လို့လားဆိုတာလဲ မသဲကွဲပါဘူး။ :3 ပုံမှန်အားဖြင့်တော့ Mansory က Lambo တို့ Ferrari တို့လို့ flashy ကားတွေ၊ exotic ကားတွေကိုပဲ အကြမ်းတကာ့အကြမ်းဆုံးဖြစ်တဲ့အထိ modified လေ့ရှိတာဗျ။ လူကုံထံ ဖောက်သည်သဌေးတွေကလည်း Mansory လက်ကျဆို ကြိုက်မှကြိုက်ပေါ့။ ဒီတော့ တနေ့ကပဲ Mansory ဘက်ကနေ ထူးထူးခြားခြား ဝူးဝူးဝါးဝါးတွေလုပ်ပြီး အောက်ကပုံထဲက Modified ထားတဲ့ Cybertruck ကြီးတစ်စီး ချပြလာခဲ့လေရဲ့။

ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲပြောကြရအောင်။ Cybertruck က နဂိုစထွက်လာကတည်းက အတော်လေး Controversial (အငြင်းပွားဖွယ်) ဖြစ်စေခဲ့တဲ့ကောင်ပါ။ ကျွန်တော်တို့အတွေးတွေထဲမှာလည်း မေးခွန်းပေါင်းများစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲမှုတွေ အတော်လေးရှိခဲ့သလို တစ်ခါတစ်ရံ မသိစိတ်ကပါ အလိုလို ငြင်းပယ်နေခဲ့မိတယ်။ ကျောင်းသားတစ်ယောက် အနာဂတ်အကြောင်းတွေးရင်း သင်္ချာစာအုပ်ထဲမှာဆွဲထားတဲ့ ကားကြီးကျနေတာပဲတို့၊ Nokia 3310 ရဲ့ ဘီးလေးဘီးပါတဲ့ ကားဗားရှင်းကြီးလားတို့၊ Cybertruck ရှိရင် ဆီသွပ်ဗူးအဖုံးဖောက်ဖို့ မခက်ခဲတော့ဘူးတို့၊ ဂိမ်းဒီဇိုင်းဆွဲတဲ့ developer တစ်ယောက် textures တွေထည့်ဖို့မေ့သွားတဲ့ unfinished rendering ကြီးနဲ့တူတယ်တို့ဘာတို့ စသည်ဖြင့် feedback (တုံ့ပြန်မှု) တွေလည်း တစ်ပွေ့တစ်ပိုက်ကြီး ရရှိခဲ့ပါတယ်။

Cybertruck အပေါ် ကိုယ့်လူရဲ့အမြင်က အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ အခု "Elongation" ဆိုတဲ့ Mansory လက်ရာဟင်းတစ်ခွက်ကိုပါ နှစ်ခြိုက်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါဆို ဘယ်လိုလူတွေ အကြိုက်တွေ့နိုင်မလဲ? တစ်ဖက်သက်ဆန်စွာမပြောဘဲ မျှမျှတတပြောရရင် ဒီကားကိုကြိုက်ကောင်းကြိုက်နိုင်တဲ့သူတွေက Mansory ရဲ့ die-hard fans တွေ ဟုတ်ရင်ဟုတ်၊ ဒါမှမဟုတ် Elon Musk ဘက်ကနေ Tesla အတွက် အမြဲမားမားမတ်မတ် ရပ်တည်ပေးလေ့ရှိသူတွေ ဖြစ်လိမ့်မယ်။ ဒါကတော့ ကျွန်တော့်ရဲ့အမြင်ပေါ့လေ။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်း Cybertruck ကို နှစ်ခြိုက်သူတွေ ရှိနေနိုင်ပါသေးတယ်။

ဆိုတော့ကာ Mansory ဘက်က အခု "Elongation" ဆိုတဲ့ကောင်ကိုမိတ်ဆက်တော့ အတွေးထဲတစ်ခုဝင်လာတာက ဒီဘဲတွေ Cybertruck ကို ပိုကြည့်ကောင်းလာဖို့ထက် စျေးပိုတင်ရောင်းလို့ရအောင်များ ဖန်တီးထားကြသလားပေါ့။ Cybertruck ကို ဒီဇိုင်းဆွဲတဲ့သူက sci-fi ဝတ္ထုတွေအဖတ်များတဲ့ minimalist တစ်ယောက်ထင်ပါရဲ့။ ပြောင်လက်နေတဲ့ stainless steel ဘော်ဒီကြီးပေါ် ဘီလေးဘီးတပ်ထားသည့်အလား ကနေ့ခေတ်ကားတွေလို ဘာအချိုးအကွေ့၊ ကောက်ကြောင်းလေး နည်းနည်းတောင်မရှိပါဘူး။

ထိုင်းဘက်မှာဆို ကားတွေ၊ ဆိုင်ကယ်တွေကို modify ကြတာ အတော်လေးခေတ်စားပါတယ်။ များသောအားဖြင့်တော့ သူတို့ရဲ့ရည်ရွယ်ချက်က ဒီဇိုင်းကို improve လုပ်ချင်လို့၊ အများနဲ့မတူ unique ဖြစ်ဖြစ်နဲ့ purpose-driven aesthetic တစ်ခုရချင်လို့လို့ပဲ ပြောရမယ်။ သို့ပေမယ့် အခု "Elongation" ဆိုတဲ့ကောင်ကိုကြည့်လိုက်ပါ။ Stainless Steel ဘော်ဒီကြီးအပေါ် Carbon Fiber တွေသာ အရကပ်ထားတယ်။ ရှေ့ Bumper၊ နောက် Bumper၊ ဘေးက Side skirts တွေနဲ့ Mirror caps တွေကအစ Carbon Fiber တွေပေါတိုင်းကို သုံးထားသလားတောင် မှတ်ရပါတယ်။ ရယ်စရာတစ်ခုလိုဖြစ်နေတာကတော့ C-pillars နောက်မှာ "သူမအတွက်အသုံးမလိုတဲ့ ခင်ဗျားတို့" လိုပဲ ဘာ functional မှမဖြစ်တဲ့ fake vents တွေပါ ထည့်ထားသေးသဗျို့။ ရှေ့မှာ "MANSORY" ဆိုတဲ့ လိုဂိုကို မီးအလင်း illuminated လုပ်ထားတယ်၊ ပြီးရင် light bars တွေကို "ဘာလာလာ" လိုပဲ "ဆိုင်ဆိုင် မဆိုင်ဆိုင်" ထည့်ထားတယ်။ ဒါပဲရယ်။ ပြောရရင် flashy မဖြစ်ဖြစ်အောင်ကို လုပ်ထားသလားပေါ့။ ကိုယ်တိုင်က Monoblock wheels တွေ သဘောကျသူမို့ Mansory FD. 15 လေးတစ်ခုတော့ သဘောကျတယ်ပေါ့လေ။

များသောအား Mansory တို့ Brabus တို့က ကားရဲ့ performance ကိုပါ ပြန်ကိုင်လေ့ရှိပေမယ့် "Elongation" မှာတော့ Stock မှာပါတဲ့ electric powertrain နဲ့ပါပဲ။ စွမ်းဆောင်ရည်ပိုင်း upgrade လုပ်ထားတာတွေမရှိသည့်တိုင် သူသုံးပေးထားတဲ့ mods တွေကြောင့် ကားကပိုမြန်လာတာတို့၊ Handling ပိုင်းပိုကောင်းလာတာတို့သာ ရှိခဲ့မယ်ဆိုရင် နားလည်ပေးလို့ရကောင်းရနိုင်ပေမယ့် ငွေတွေသာရှယ်သုံးထားပြီး practical လည်းမဖြစ်သလို၊ functional လည်းမဖြစ်လေတော့ ဒုက္ခ။

ကျွန်တော့်ရဲ့ personally အမြင်အရတော့ အရသာပေါ့နေတဲ့ ရေခဲမုန့်အပေါ် ချောကလက်မစမ်းပေးဘဲ ငရုပ်သီးဆော့တွေသာ Mansory ဘက်က လောင်းထည့်ပေးလိုက်တယ်လို့ မြင်မိတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လူကုံထံသူဌေးသားတွေအတွက်တော့ သိပ်ကိုမှ flex လို့ကောင်းမယ့် ကစားစရာအရုပ်တစ်ခု ဖြစ်နေအုံးမည်ပေါ့။ Anyway, ကိုယ့်လူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကိုလည်း ကောမန့်မှာ ဝင်ရောက်ဆွေးနွေးသွားကြပါအုံး . . . . . ။

image