ကိုယ့်ကို မလိုအပ်တဲ့သူတွေအပေါ်မှာ လက်လွှတ်တတ်ပါစေ ။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုအပေါ်မှာ လက်မလွှတ်နိုင်သေးရင် ကိုယ့်ဘဝကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဖြတ်သန်းနိုင်ဖို့ရယ် ၊ အချစ်သစ်တစ်ခုကို ထပ်ပြီး စတင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့ ။
တချို့သောသူတွေက ကိုယ့်ကို မလိုချင်တော့တဲ့သူ တစ်ယောက်အတွက် အဲဒီသူကို စွန့်လွှတ်ဖို့ကိုကျ မတွေးဘဲ
" တစ်ချိန်ချိန်တော့ ငါ့ကို ပြန်ချစ်လာမှာပါ " ၊ " ငါ့ဆီ ပြန်လာမှာပါ " ဆိုတဲ့ အတွေးတွေနဲ့ပဲ မျှော်လင့်နေတတ်ကြတယ် ။ တကယ်တမ်း လက်တွေ့မှာတော့ ချန်ထားခဲ့တဲ့ သူတစ်ယောက်ဟာ သူ ပစ်ထားခဲ့လို့ ကျန်နေတဲ့ သူတစ်ယောက်ဆီ ဘယ်တော့မှ ပြန်မလာနိုင်ပါဘူး ။
" မင်းကို ကျိန်းသေပေါက် ငါ့ဆီ ပြန်လာအောင်လုပ်မယ် " လို့ တွေးနေမယ့်အစား " မင်း ထွက်သွားလို့ ငါ့အနားမှာ မရှိတော့လည်း ငါ့ဘဝကိုငါ ပိုပြီးတောက်ပပြမယ် " လို့ တွေးရမှာပါ ။
အသည်းကွဲ ခံစားခဲ့ရတာတွေကြောင့် အခုအချိန်မှာ ခဏလောက် ဖြစ်ဖြစ် ငိုခွင့်ရှိပါတယ် ။ ဒီအခိုက်အတန့်တစ်ခုမှာငိုပြီးရင်တော့ ကိုယ့်ဘဝရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးကြရအောင် ။
ကိုယ့်ကို မလိုအပ်တဲ့သူအတွက် ကျွန်တော်တို့ဘက်က အချိန်တွေ အကြာကြီး မခံစားနေသင့်ဘူးလေ ။ အားတင်းထားပါ ။ အချစ်ဟာ ဘဝကြီး မဟုတ်ပါဘူး ။ အစိတ်အပိုင်းလေးတစ်ခု သက်သက်ပါပဲ ။ ကျွန်တော်တို့တွေ နာနာကျင်ကျင်နဲ့ အသည်းကွဲခံစားပြီးသွားရင် သူနဲ့ပတ်သက်ခဲ့သမျှ အရာရာတိုင်းကို မေ့ပစ်ပါ ။ စာမျက်နှာ အသစ်တစ်ခုကို စတင်ဖွင့်လှစ်ပါ ။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အချစ်သစ်တစ်ခုက ကျွန်တော်တို့ဆီ ရောက်လာပါလိမ့်မယ် ။
#စိတ်ခံစားမှုများကိုကုစားခြင်း #ခဲတံ
