7 ပတ် - ဘာသာပြန်ပါ။

ဒေါ်လာ ၅ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ပျောက်ဆုံးနေတဲ့ ရတနာတွေကို ရှာဖွေဖို ကြိုးစားကြတဲ့ သူ ၂ ယောက်

Uncharted
2022 ‧ Adventure/Action ‧ 1h 56m

Tom Hollandနဲ့ Mark Whalbergတိုကဂိမ်းထဲက ဇာတ်​ဆောင်​တွေဖြစ်တဲ့ Nate Drakeနဲ့ Victor Sullivanအဖြစ်
အသီးသီး သရုပ်​ဆောင်ထားတာ ဖြစ်ပါတယ်၊
Uncharted ဂိမ်း franchiseထဲက ၄ခု​မြောက်ဖြစ်တဲ့
Uncharted 4 – A Thief’s End ကို ​​ကျောရိုးတည်ထား​ကြောင်း
Executive Producerဖြစ်တဲ့ Tom Hollandက​ပြောထားပါတယ်။ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲသွားတဲ့ နိတ်ဒရိတ်ဟာ
Bartenderတဖြစ်လဲ လူကုံထံ​တွေဆီက အလစ်သုတ်ရင်း အသက်​မွေးလာခဲ့သူပါ၊
တစ်​နေ့မှာ ဆမ်ရဲ့မိတ်​ဆွေ ဆိုသူ ဗစ်တာဆူလီဗန်က နိတ်ဆီ​ရောက်လာပြီး
ကမ္ဘာ့ပထမဆုံးနယ်​မြေ စူးစမ်းရွက်​လွှင့်သူ ဖာဒီနန်မက်ဂျဲလန်၊
ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုအပါအဝင်
သင်္ဘောသား ၁၈ ​ယောက်ရဲ့ ​ပျောက်ဆုံး​နေ​သော ​ရွှေသိုက်ကြီးကို ရှာ​ဖွေဖို လာ​ခေါ်ပါတယ်။ကာလတန်​ကြေး ၅ဘီလီယံအနည်းဆုံးရှိတဲ့ အဆိုပါ​ရွှေသိုက်ကြီးကို
နိတ်တိုအပြင် ဆန်တီယာဂိုမွန်ကာဒါဆိုတဲ့ စပိန်သူ​ဌေးတစ်ဦးကလည်း လိုချင်နေရာ
နိတ်ဒရိတ်တို၂​ယောက် မွန်ကာဒါရဲ့ရန်ကို​ရှောင်ရင်း ရတနာသိုက်ကိုရှာ​တွေ့နိုင်မလား၊ ​
ရွှေ​တွေရသွားမလား၊ နိတ်တစ်​ယောက် အစ်ကိုဖြစ်သူဆမ်နဲ့ ပြန်​တွေ့နိုင်မလားဆိုတာကို
Action,Adventureဆန်ဆန် ကြည့်ရှူရမှာပါ။

image