Tesla ကားပိုင်ရှင်တွေခြိမ်းခြောက်ခံရ
Elon Musk ၏နိုင်ငံရေးအငြင်းပွားစရာကိစ္စရပ်များကြောင့် တချို့သော Tesla မော်တော်ကားပိုင်ရှင်များကို Tesla မုန်းတီးသူများက မလိုလားအပ်သောပြဿနာများမှရှောင်ရှားနိုင်ရန် Tesla ကားများကိုအခြားအမှတ်တံဆိပ်များဖြင့်ပြောင်းလဲတပ်ဆင်ရန်ခြိမ်းခြောက်မှုများရှိလာသည်။
Texas နှင့် California ပြည်နယ်များတွင် Tesla မော်တော်ကားများကိုဖျက်ဆီးခြင်း၊ကားတာယာများများကိုခိုးယူခြင်း နှင့် Kraft Singles စသည်တို့ဖြင့်ဖုံးအုပ်ခြင်းများလုပ်ဆောင်နေကြသည်ဟု သတင်းများပေါ်ထွက်လာသည်။
Students Against N*zi Extremism (SANE) ဟုခေါ်သောအဖွဲ့တစ်ခုသည် Tesla မော်တော်ကားပိုင်ရှင်များကို ထိုအမှတ်တံဆိပ်နှင့် မကင်းကွာပါက အန္တရာယ်ဖြစ်စေနိုင်ကြောင်း ခြိမ်းခြောက်ခံထားရသည်ဟုပြောဆိုလာကြသည်။
ထိုသို့ဖြစ်လာသည့်အတွက် မော်တော်ကားပိုင်ရှင်များသည် Tesla ၏အမှတ်တံဆိပ်များကိုဖယ်ရှားပြီး Toyota နှင့် Honda ကဲ့သို့သောအခြားအမှတ်တံဆိပ်များဖြင့် ပြောင်းလဲတပ်ဆင်လာသူများလဲရှိသည်။
