7 w - Translate

" မဲဇလီပင်တန်းတွေ
တရွေ့ရွေ့ ကျန်ခဲ့ပြီ ။

ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ ။

ဖိုးချိုသီချင်းတွေ ကျန်ခဲ့ပြီ ။

ပန်းသင်္ချိုင်းက
စောင့်နေမယ် ဆိုတာတွေ ကျန်ခဲ့ပြီ ။

ကျောင်းသားကဒ် ပြပြီး
စက်ဘီးငှားလို့ရတဲ့
ဆိုင်လေးတွေ ကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့ နေရာ
ဒီနားက အချစ်စသင်တဲ့ နေရာ
အားလုံး ကျန်ခဲ့ပြီ ။

ဘယ်သူ့ခေါ်သံမှ
ကြားရလို့တော့မဟုတ်ပါဘူး။

ရွာရိုးကိုးပေါက်
ကျွန်တော် လျှောက်သွားနေခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ
တစ်ယူဇနာ၊ နှစ်ယူဇနာ
ခြေရာတွေတောင် ပြာလို့ "

▪️သန်းတင့် (ခင်ဖုန်းသက်ဝေဂယ်လာရီ )

image