#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံမှ ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂၅၀ နေရပ်ပြန်ပို့
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၂၅ဝ အား မတ် ၁၉ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၅ဝ တွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ တစ်ဆင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရေကြောင်းမှ ပို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များ လွှဲပြောင်းပေးခဲ့သည့်မြန်မာနိုင်ငံသား ၂ဝဝဝ ကျော်ရှိပြီး ၂ဝ၂၅ ခုနှစ်၌ ယခုအကြိမ်အပါအဝင် သုံးကြိမ်အတွင်းမြန်မာနိုင်ငံသား ၆ဝဝ နီးပါးပြန်လွှဲပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Chit Ngwe's Facebook
