7 w - Translate

သူစိမ်း-ချမ်းမြေ့ဝင်း(Rating-4.5/5)
"အယုံလွယ်သူတွေရဲ့ အမြင်မှာတော့.....
ကမ္ဘာဟာ နေချင့်စရာ ဖြစ်နေမှာပဲ။"
Dec13ရက်နေ့ကမှအသစ်ထွက်ရှိထားတဲ့
ဆရာ့ရဲ့ပူပူနွေးနွေးဘာသာပြန်စာအုပ်လို့
ပြောရမှာပေါ့
ဇာတ်လမ်းအကျဉ်းကိုမပြောပြခင် လီယံ့အမြင်လေးပြောပြပါရစေ
ဆရာဟာဒီ"သူစိမ်း"ဆိုတဲ့စာအုပ်မှာ သွေးထွက်သံယိုတွေပါတာကြောင့်
အသက်မပြည့်သူတွေမဖတ်ရဆိုကာ18+လို့ပြောထားပေမဲ့ လီယံ့အမြင်မှာတော့ ဆရာ့ရဲ့ကိုယ်ပိုင်လုံးချင်းဝတ္ထုဖြစ်တဲ့
"စကားဝါ"လောက်ကြောက်ဖို့မကောင်းဘူးလို့ဘဲ
မြင်ပါတယ်
ကဲ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်
မြို့ငယ်လေးတစ်ခုမှာ လုံးဝမတွေးရဲစရာ
13နှစ်အရွယ် "ဖရန့်ပီတာဆန်" ဆိုတဲ့ကျောင်းသားလေးကို Rape(မုဒိန်းကျင့်)ပြီးရက်ရက်စက်စက်သတ်ဖြတ်ပစ်တဲ့ လူသတ်မှုကြီးဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်သတ်သေတွေလည်းအများကြီးရှိပြီး
DNAတွေ၊လက်ဗွေရာတွေအကုန်
ခိုင်လုံနေတာကြောင့် ထိုမြို့ငယ်လေးရဲ့
စုံထောက်ရဲဖြစ်သူ "ရက်ဖ်အန်ဒါဆန်" ဟာ
လူအများလေးစားအားကျရပြီးလူကြီးလူကောင်းဖြစ်တဲ့ နည်းပြဆရာ "တယ်ရီမိတ်လန်း" ကို
လူပုံအလယ်မှာဖမ်းဆီးခဲ့ပါတယ်။
စုံထောက်ရဲဖြစ်သူ ရက်ဖ် မှာလည်း သားလေးရှိတာကြောင့် "ဖရန့်ပီတာဆန်" နေရာမှာ သူ့သားလေးသာဆိုတဲ့စိတ်နဲ့ရော မျက်မြင်သက်သေတွေ၊
လက်ဗွေရာတွေရောက တယ်ရီ ကိုညွှန်ပြနေတာကြောင့်ပါ ဖမ်းဆီးခဲ့ပါတယ်။
တယ်ရီ ကိုဖမ်းဆီးပြီးကာမှ သူတို့ရထားတဲ့
သက်သေတွေဟာ မရေရာ
မသေမချာဖြစ်လာခဲ့ပါတယ်။
တယ်ရီ ရဲ့အဆိုအရ ဖရန့် အသတ်ခံရတဲ့
ညနေတုန်းက သူကအခြားမြို့ငယ်တစ်ခုမှာ
အသိဘာသာရပ်ပြဆရာတွေနဲ့အတူ
စာပေဟောပြောပွဲတစ်ခုသွားခဲ့ကြောင်း
သိရသဖြင့်စုံထောက်ရဲဖြစ်သူ ရက်ဖ် ဟာ
တယ်ရီနဲ့အတူသွားခဲ့သောနေရာနဲ့ သူနဲ့အတူ
လိုက်ပါလာကြတဲ့ ဆရာတွေပါစစ်ဆေးမေးမြန်းကြည့်တော့ တယ်ရီ ဟာ တကယ်ဘဲ အဲ့နေ့မှာ
စာပေဟောပြောပွဲကို ရောက်နေခဲ့ပါတော့တယ်။
ရက်ဖ်ဟာ သူ လူမှားများဖမ်းဆီးမိခဲ့ပြီလား
သူ့ကိုဘဲ လှည့်စားနေတာလား ဆိုတာကို
သူနားမလည်နိုင်တော့ပါဘူး။
မျက်မြင်သက်သေတွေ၊DNAတွေအရကလည်း တယ်ရီကိုညွှန်ပြနေသလို တယ်ရီထွက်ဆိုချက်ကလည်း မှန်ကန်နေပြန်ပါတယ်။
တယ်ရီ့ကို ရုံးထုတ်တဲ့အချိန်မှာ သေဆုံးသူဖရန့်ဖြစ်သူ၏အကို "အိုလီဗာပီတာဆန်"ဟာ တယ်ရီ့ကို
လူပုံအလယ်မှာသေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်
တယ်ရီ သေဆုံးသွားခဲ့ပါတော့တယ်။
တယ်ရီ သေဆုံးရတာ သူ့အပြစ်မလွတ်ဘူးဆိုကာ
ရက်ဖ်သည် ဖရန့်သေဆုံးသည့်အမှုကို မပိတ်ဘဲ
ဆက်လက်စုံစမ်းခဲ့ပေမဲ့ သူထင်မထားလောက်အောင် အမှုက နက်နဲလာခဲ့ပါတော့တယ်။
ဖရန့် ရဲ့အမှုရှေ့မှာလည်း တရားခံမပေါ်တဲ့ ဆင်တူတဲ့အမှုတွေရှိနေကြောင်းပါ သိခဲ့ရပါတော့တယ်။
သူတစ်ယောက်တည်း ဒီအမှုကိုမနိုင်တော့တာကြောင့် ဒီစာအုပ်ရဲ့အဓိကဇာတ်ကောင်လို့ပြောလို့ရတဲ့ "ဟော်လီဂစ်ဘနီ" ဆိုတဲ့စုံထောက်မလေးနဲ့အတူ
ထိုအမှုကို အဖြေရှာရပါတော့တယ်
သူတို့အဖြေရှာနေတဲ့အမှုကရော ပေါ်ပါ့မလား
တကယ့်နောက်ကွယ်က အဓိကတရားခံကိုရော
မိပါ့မလား
ဒီစာအုပ်ထဲမှာ စုံထောက်အမှုအပြင် သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါ ပါတာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါတော့နော်

image