7 ပတ် - ဘာသာပြန်ပါ။

Data Privacy ဘယ်လောက်အရေးကြီးလဲ?ဒီနေ့ သတင်းတွေဖတ်ရင်း တွေ့လိုက်ရတဲ့သတင်းတစ်ခုက တော်တော်ဆန်းတယ်ပြောရမယ်။ သမီးပြဿနာရှာလိုက်လို့ အိမ်ကအဖေပြဿနာတက်သွားတယ်ဆိုတဲ့သတင်းပါ။

ဖြစ်ပုံက တရုတ်နိုင်ငံ Google Alternative ကြီး Baidu ရဲ့ Vice President Xie Guangjun သမီးကမွှေတယ်လို့ပြောရပါမယ်။ ၁၃ နှစ်ပဲ ရှိသေးတဲ့ သူ့သမီးလေးက Baidu Platform User တစ်ယောက်ရဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်ကောက်တင်လိုက်ပါတယ်။ ဆိုတော့ ၁၃ နှစ်သမီးလေးတစ်ယောက်ရဲ့ လက်ထဲကို လူသန်းရာဂဏန်းရဲ့ အချက်အလက်တွေ ကြိုက်သလိုဝင်သုံးလို့ရနေလားဆိုတဲ့ သို့လော သို့လောနဲ့ အကုန်လုံးက စိုးရိမ်ကုန်ကြပါတယ်။ ဒါပေမယ့် Xie ကတော့ Wechat ကနေချက်ချင်းပြန်တောင်းပန်ထားပါတယ်။

ဒီကိစ္စကို ကုမ္ပဏီတစ်ခုကလုံးက အသည်းအသန်ပြန်တောင်းပန်နေရသလို သတင်းစာရှင်းလင်းပွဲတွေ၊ လူထွက်ပြီးတောင်းပန်တဲ့အထိပါလုပ်နေရလို့ အသေးအမွှားပြဿနာမဟုတ်ပါဘူး။
အွန်လိုင်းလောကမှာ Data Privacy ဆိုတာအရေးကြီးဆုံးပါ။ အထူးသဖြင့် အင်တာနက်မှာပဲ ငွေလွှဲ၊ အင်တာနက်ကနေပဲ စီးပွားရှာနေရချိန်မှာ Private Information ဆိုတာ မသမာသူတွေအတွက်တော့ ရွှေတွင်းတွေပါပဲ။

ကိုယ်က အမှုမဲ့ အမှတ်မဲ့ ကိုယ့်ရဲ့ဖုန်းနံပါတ်ကို အွန်လိုင်းမှာတင်မိသွားတယ်။ မသမာသူက ဖုန်းနံပါတ်ကိုရသွားတယ်။ ဖြစ်ချင်တော့ အဲ့ဒီဖုန်းနံပါတ်က Online Payment တွေချိတ်ထားတယ်ဆိုရင် သွားပါပြီ။ အွန်လိုင်းပေါ်က ဂိမ်းပေါင်း ၅၀၀ နဲ့ ကျားဖြန့်လို လုပ်ငန်းတွေဟာ ဒီလိုမျိုးနည်းတွေနဲ့ ဖုန်းနံပါတ်တွေကို စုဆောင်းပြီး ငွေလိမ်နေကြတာပါ။ နောက်တစ်ခုက အွန်လိုင်းက လက်ဆောင် Giveaway တွေမှာ ပိုက်ဆံထောင်ဂဏန်းလောက်ရဖို့အတွက် အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ပေးနေကြတဲ့ ကိစ္စတွေကလည်း ဂရုစိုက်ရမယ့် ကိစ္စတွေပါပဲ။

တစ်ချို့နိုင်ငံတွေမှာ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ လူမှုကွန်ရက်အကောင့်တွေကို မသိသူတွေနဲ့ မသုံးကြဖို့ အသိရှိကြပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ Digital Security နဲ့ Digital Literacy အသိအားနည်းနေကြသေးတဲ့အတွက် နေ့စဥ် အွန်လိုင်းက လိမ်လည်ခံနေရတာတွေ ရှိနေဆဲပါ။

image