7 ပတ် - ဘာသာပြန်ပါ။

ပုံစံအသစ်နဲ့ ခေါက်ဖုန်းအသစ်
ခေါက်ဖုန်းတွေကိုလည်း မတူညီတဲ့ ဒီဇိုင်းတွေနဲ့အတူ မြင်တွေ့လာနိုင်ဖွယ်ရှိနေပါပြီ။ မနေ့က မိတ်ဆက်သွားတဲ့ ခေါက်ဖုန်းအသစ်ကတော့ တွေ့ဖူးနေကြပုံစံနဲ့ နည်းနည်းကွဲထွက်လာတဲ့ ဒီဇိုင်းလို့ပြောရမှာပါ။
မနေ့က Huawei ကနေ မိတ်ဆက်လာတဲ့ ခေါက်ဖုန်းအသစ် Huawei Pura X ကတော့ ခေါက်ဖုန်းပုံစံအသစ်လေးအဖြစ် မြင်တွေ့ရမှာပါ။ သူက ဖြန့်ထားရင် ကိုင်ရအဆင်မပြေဖြစ်မယ်လို့ ခံစားရပေမယ့် ခေါက်ထားရင်တော့ Mini Note book လေးကိုင်ထားရသလို ခံစားချက်လေးပါပဲ။
ဒါပေမဲ့လည်း official website က ပုံတွေအရတော့ ဖြန့်ပြီးသုံးရင်လည်း တော်တော်လေးကို အဆင်ပြေတဲ့ပုံပါပဲ။ သူက အထဲဘက် Screen Size ကို 6.3” ရှိပြီးတော့ အပြင်ဘက် Cover Dispaly ကတော့ 3.5” ရှိတယ်။ OLED Display နဲ့ 120Hz Refresh Rate ကို Display နှစ်ခုလုံးမှာ ရမှာပါ။
Kirin 9020 Chips သုံးထားတယ်။ 4720mAh Battery, 60W Fast Charge , Wireless Charge ကို 40W အထိတောင် ရမှာပါ။ IP X8 water Resistance ပါတယ်။ Triple Camera Set up နဲ့ Main Camera ကို 50MP သုံးထားပါတယ်။ နောက်ပြီး Mate 70 Pro Series တုန်းက ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Spectral image sensor ကိုလည်း ထည့်ပေးထားတယ်။
တစ်ခုရှိတာက အရင်ရက်တွေတုန်းက သတင်းတွေထွက်နေသလို Harmony OS Next မပါလာပဲ HarmonyOS AOSP version 5.0 ကိုပဲ သုံးထားတာပါ။ မျှော်နေတဲ့သူတွေအတွက်တော့ ထပ်မျှော်ရတာပေါ့။ ဒီဇိုင်းမှာက ရိုးရိုးနဲ့ Collector version ဆိုပြီးလည်း ခွဲထားသေးတယ်။ Collector Version ရဲ့ ကျောဘက်ဒီဇိုင်းကတော့ တော်တော်လေးမိုက်ပါတယ်။

image