ဂုတ်ကြီးကတော့ အသင်းဂိုးမပေးရအောင် လုပ်နိုင်သလောက် လုပ်ပေးသွားခဲ့တာပါ။ ပင်နယ်တီပေးလိုက်ရပြီးနောက် အဲရစ်ဆန်ကန်သွင်းနိုင်တဲ့ အနေအထားတွေကို ဂိုးသမားကော်စတာဆီ သွားရှင်းပြခဲ့ပြီး ကူညီပေးခဲ့တာပါ။ သူ့ရဲ့ အကြံပေးမှုတွေကပဲ မှန်ကန်ခဲ့သလား ဘာလားတော့ မပြောတတ်ပါဘူး။
ကော်စတာက အဲရစ်ဆန်ရဲ့ ကန်သွင်းချက်ကို ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဂုတ်ကြီးရဲ့ အကြံပေးမှုတွေ ထိရောက်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒီဂိုးသာပေးလိုက်ရရင် ၂-၀နဲ့ ပေါ်တူဂီတို့ ရှုံးခဲ့ဖွယ်ပါ။ ဒါဆိုရင် ဒုတိယအကျော့ကို ပိုရုန်းကန်ရတော့မှာဖြစ်ပြီး အခု ၁-၀ ဆိုတော့ နည်းနည်းတော်ပါသေးတယ်။
ဂုတ်ကြီးဂိုးမသွင်းနိုင်ပေမယ့် ဒီလိုမျိုး ကူညီပေးခဲ့တာကို ကျေးဇူးတင်ရပါလိမ့်မယ်။
