7 ပတ် - ဘာသာပြန်ပါ။

ဘဏ်များက ကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သော ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် ပေးသည့်အတိုးနှုန်းအား ၆ ရာခိုင်နှုန်းသို တိုးမြှင့်သတ်မှတ်
-------------------------------------------------------
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေ (CA ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက် ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် ပေးသည့်အတိုးနှုန်းအား ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၂၀၂၅ ခုနှစ် မတ် ၂၁ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ငွေကြေးလွယ်ကူမှုအား ပိုမို အထောက်အကူပြုစေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိစေရန် ဘဏ်များက မြန်မာကျပ်ငွေ (CA ဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့် ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ၃ ဒသမ ၈ ရာခိုင်နှုန်းသို တိုးမြှင့်သတ်မှတ်ခြင်းအား ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အမှတ် (၄/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
#news

image