8 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းချင်းဖလှယ်၊ နှစ်ဖက်စစ်သုံ့ပန်း ၃၅ဝ ပြန်လည်လွတ်မြောက်
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် မတ် ၁၉ ရက်တွင် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ နှစ်ဖက်စစ်သုံ့ပန်း ၃၅ဝ ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
မတ် ၁၉ ရက် စစ်သုံ့ပန်းချင်းအပြန်အလှန်ဖလှယ်မှုတွင် ရုရှားနိုင်ငံသည် ယူကရိန်းစစ်သုံ့ပန်း ၁၇၅ ဦးပြန်လွှတ်ပေးခဲ့ပြီး ယူကရိန်းနိုင်ငံကလည်း ရုရှားစစ်သုံ့ပန်း ၁၇၅ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်ယူကရိန်း နယ်စပ်တစ်နေရာ၌ပြုလုပ်ခဲ့သော အထက်ပါစစ်သုံ့ ပန်းချင်းအပြန်အလှန်ဖလှယ်မှုတွင် သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကာလတစ်လျှောက် စစ်သုံ့ပန်းအများဆုံးလွတ်မြောက်ခဲ့ကြသော စစ်သုံ့ပန်းဖလှယ်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
ရုရှားနှင့်ယူကရိန်းတို့အနေဖြင့် စစ်သုံ့ပန်းအားလုံးကိုပြန်လွှတ်ပေးကြမည်ဆိုပါက နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို ကျေးဇူးပြုနိုင်မည်ဖြစ်ပြီး စစ်ပွဲအဆုံးသတ်၍ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့အတွက်လည်း အရေးကြီးသည့်ခြေလှမ်း တစ်ရပ်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားထားသည်။
ယူကရိန်းစစ်ပွဲကို ယာယီအပစ်ရပ်သဘောတူညီချက်တစ်ရပ်အဖြစ် ရပ်ဆိုင်းထားနိုင်ရေးအတွက် ရုရှား၊ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စု တို့အကြားဆွေးနွေးနေကြချိန်တွင် စစ်သုံ့ပန်းချင်းဖလှယ်မှုကို ရုရှားနှင့်ယူကရိန်းတို့ကပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ရိုက်တာ

image