ဝက်အူကင်နဲ့ဆော့လုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ ဝက်အူ- ၁ ကီလိုဂရမ်
၂။ နံနံစေ့ - ၂ ဇွန်း
၃။ ပဲငံပြာရည်အကြည် - ၁ ဇွန်းခွဲ
၄။ သကြား - ဇွန်းတစ်ဝက်
၅။ ခရုဆီ - ၂ ဇွန်း
### အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ**
၁။ ငရုတ်သီးမှုန့် - ၁ ဇွန်း
၂။ ဆန်ေလှာ်မှုန့် - ဇွန်းတစ်ဝက်
၃။ ငါးငံပြာရည် - ၃ ဇွန်း
၄။ သကြား - ၁ ဇွန်း
၅။ သံပုရာသီး - ၁ လုံးခွဲ
၆။ အချဉ်ရည် (သို့) မက်မန်းသီးချဉ်ရည် - ၃ ဇွန်း
၇။ ကြက်သွန်နီ - ၁ လုံး
၈။ နံနံပင် - ၁ပင်
---
### **ပြင်ဆင်နည်း**
၁။ ဝက်အူကို **ဆားနဲ့ ၂-၃ ကြိမ်** သေချာဆေးကြောပါ။
၂။ ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အေးအောင်ထားကာ **ခရင်းနဲ့ အပေါက်များဖောက်ပါ**။
၃။ ကင်ဖို့ အူကို လှီးပြီး ပန်းကန်လုံးထဲထည့်ကာ နံနံစေ့၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည်တို့နဲ့ နယ်ပြီး **မိနစ် ၃၀ မှ ၁ နာရီအထိ စိမ်ထားပါ**။ (စိမ်ချိန်ကြာလေ အရသာပိုဝင်လေ!)
၄။ **မီးအပူချိန်နည်းနည်းနဲ့ အူကို ရွှေညိုရောင်ရအောင် ကင်ပါ** (သို့) **လေပူဖောင်အိုး** သုံးနိုင်ပါတယ်။
၅။ အချဉ်ရည်အတွက် **ပါဝင်ပစ္စည်းအားလုံးကို ရောမွှေ**၊ သံပုရာရည်ညှစ်ထည့်ပါ။
---
### **အကြံပြုချက်**
ဝက်အူကိုအချဉ်ရည်နဲ့နှယ်ပြီးထမင်းနဲ့တွဲစားလည်း ကောင်းပါတယ်။
- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထည့်ရင် အရသာပိုပြည့်ဝမယ်!
#crd
