မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။
🪄🧸 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🧸🪄 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1686
