8 ပတ် - ဘာသာပြန်ပါ။

#တရုတ်ထမင်းကြော်#
ထမင်းကြော်ကို ဆိုင်မှာကြော်တဲ့ပုံစံမျိုး
အနံ့မွှေးမွှေးလေးနဲ့ ဆိုင်အရသာမျိုးထွက်ချင်ရင်
ဒါလေးတွေသိထားဖို့လိုတယ်နော်.....
၁.ထမင်းကြော်မယ်ဆိုရင်..ဆန်ကရှမ်းဆန်လေးဆိုပိုကောင်း
ပါတယ် ရှမ်းဆန်က စီးစီးတောင့်တောင့်လေးဖြစ်လို့..
ပြီးတော့ ထမင်းကို ချက်လျှင်မပျော့စေရန် အထူးသတိထား
ရမယ် ခုကျက် ခုကြော် မလုပ်ရဘူး..ထမင်းကိုဖြန့်ပြီး
ကြိုတင် အအေးခံထားရပါမယ်...
၂.အသားကိုအဈိမြးကှောတြာပိုမှှေးပှီးအရသာပိုရှိပါတယြ..
ပြုတ်ပီးအသားနဲ့ကြော်တာက အရသာနဲ့အနံ့မှာကြပိုပြီး
ပြည့်စုံမူမရှိပါဘူး..ပြီးရင်အသားတွေကို အထူကြီးမလှီး
ရ.ပါးပါးလေး တွေပဲလှီးပါ..ထမင်းကြော်ကို ဝက်သားနဲ့
ကြော်လျှင်ဝက်ဆီလေးအနံ့လေးပါအောင်ကြော်ရပါ့မယ်
ဝက်အူချောင်းအနံ့လေးရယ်ပါမှ ပိုမွှေးတာပါ..ဒါအဓိက.
၃.အသီးအရွက်တွေ ကိုတတ်နိုင်သမျှ အတုံးအသေးလေး
တွေပဲလှီးပါ.. ရေးဆေးပြီးရေကိုသေချာစစ်ထားပါ...ရေ
မစစ်ပဲထည့်ကြော်မိလျှင်.ထမင်းကြော်က ပြဲသွားပြီးအိုး
အောက်ခြေမှထမင်းတွေနဲ့ကပ်ကုန်လို့ကြော်ရတာခက်
တတ်ပါတယ်..
၄.ထမင်းကြော်ထဲထည့်ရမဲ့အရသာအတွက်ပါဝင် ပစ္စည်း
တွေကို တတ်နိုင်သမျှ တံဆိပ်ကောင်းကိုသာရွေးချယ်
သုံးစွဲ စေချင်ပါတယ်..ဗမာငံပြာရည်တို့ ဗမာကြာညိူ့တို့
ဗမာပဲငံပြာရည်တို့ကို ဒီလိုတရုတ်စတိုင်ကြော်လျှင်.ထည့်
သုံးလို့မရပါဘူး ဒါလည်းအရေးကြီးပါတယ်..
၅.ထမင်းကြော်လျှင်ဆီကိုလက်မလွန်မိအောင်ဂရုစိုက်ထည့်
ပါ့ ဆီများပြီးအိရွှဲနေရင်လည်းအရသာပျက်ပါတယ်.
နောက်ပီး ထမင်းကြော်မယ်ဆိုလျှင် တတ်နိုင်သမျှ ကြော်မဲ့
အိုးကိုချောင်ချောင်လေးထားပြီးကြော်တာပိုကောင်းပါ
.တယ် တစ်ပွဲစာနှစ်ပွဲစာပေါ့ ထမင်းတွေအိုးလိုက်ကြီး
မှောက်လျှန်နေအောင်ကြော်ရင် အရသာ သိပ်မဝင်သ
လို ..ကြော်ရလည်းခက်တယ်..တစ်ပွဲစာနှစ်ပွဲစာပဲကြော်
ရင်အရသာလည်းထိထိမိမိနဲ့ပိုမွှေးအောင်အားရပါးရ
လှိမ့်ကြော်လို့လည်းကောင်းပါတယ်.. နောက်ပီးကြော်မဲ့
အိုးဟာ ဆီဝနေပီးမကပ်တဲ့အိုးဆိုပိုကောင်းပါတယ်..
ကြော်နည်း

ရှမ်းဆန်ဖြင့်ချက်ထားသောထမင်းကိုတစ်ပွဲစာလောက်မှန်းပြီး
ကြိုတင်အအေးခံထား..
ဝက်သားကို အသားတွေကို ပါးပါးလှီးပြီး.ငရုတ်ကောင်းမူန့်
အသားမူန့် ကြာညို့အနည်းငယ်ဖြင့်အရသာသွင်းထား..
ဝက်အဆီကို သုံးလေးဖတ်လောက်ပါးပါးလှီးထား.(ဆီထုတ်
ရန်အတွက်)ဝက်အူချောင်းကို လက်ညိူးလောက်အရွယ်ကို
ပါးပါးလှီးထား.. ကြက်ဥတစ်လုံးကိုဆားအရသာမူန်ထည့်ပြီး
ခလောက်ထားပါ..
ပဲသီးနဲ့ဥနီကိုအတုံးလေးတွေတုံးပြီးသေချာရေဆေးပြီးစစ်ထား ကြက်သွန်နီ ကိုလေးစိတ်စိတ်ထား..
ကြော်မယ်ဆို ရင်...
အိုးပူမှဆီထည့်ပါ.ဆီပူရင် ဝက်ဆီကိုအရင်ထည့်ကြော် .မွှေး
ပြီဆို ဝက်ဆီဖတ်ကိုဆယ်ထား..ထိုဆီပူနဲ့ပဲ့ခလောက်ထားတဲ့
ကြက်ဥကိုအရင်ကြော် ဆယ်ထားအအေးခံကပ်ကြေးဖြင့်
အနေတော်ညှပ်ထား..ပြီးရင်ဝက်သားကိုထည့်ကြော်..အသား
တွေတင်းပြီးရလျှင် ဝက်အူချောင်းထည့်ကြော်ကြက်သွန်နီ ထည့်ဆီသတ် အသီးရွက်
တွေထည့်.နည်းနည်းလေးအိသွားရင် ထမင်းထည့်ကြော်..
အရသာအတွက် အသားမူန့် သကြား.ကြာညိူ့ .ခရုဆီထည့်
မွေပေး.ငရုတ်ကောင်းမူန့်ထည့်.မီးပြင်းပြင်းနဲ့ အားရပါးရ
လှီမ့်ပြီးကြော်ပေးရင်..အနံ့အရသာနဲ့ပြည့်စုံတဲ့.ထမင်းကြော်

image