8 ပတ် - ဘာသာပြန်ပါ။

Dora and the Lost City of Gold (2019)

2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။
ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီးသူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ဒိုရာ သရုပ်ဆောင်မင်းသမီး အစ်ဇ်ဘယ်လာမွန်နာဟာ၂၀၀၁ မွေးတာ ဖြစ်တာဖြစ်တာကြောင့် ဒီနှစ်ထဲမှာပဲ ၁၈ နှစ်ပြည့်သွားပါပြီ။သိချင်မလားလို့ ထည့်ရေးပေးထားတာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/179

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image