8 w - Translate

#ပန်းဘဲဆရာကြီးရဲ့ဆုံးမစကား ( ပုံပြင် )
------------------------------------------
တစ်နေ့မှာ ကောင်လေးတယောက်ဟာ
ဓားကျိုးလေး နှစ်စကိုင်ပြီး အဖိုးဖြစ်သူ
ပန်းဘဲဆရာထံ ရောက်ခဲ့တယ်....
" အဖိုးရေ အဖိုး အဖိုးရေ....
" ဟေ..! ဘာလဲကွ
မင်းမှာလည်း အလန့်တကြားနဲ့ ဘာကိစ္စရှိလို့လည်းကွ...."
ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်စလေးဝဲပြီး တခုခုကိုကြောက်ရွံ့သော အနေထားဖြင့် ....
"ဟိုလေ...!
အဖိုး မနေ့ကသား ကျောက်တုံးကို ခုတ်ကစားနေရင်း ဓားမကြီးက ကျိုးသွားလို့ပါအဖိုး
အဖေပြောတယ် ဓားအသစ်မရရင်
အိမ်မပြန်လာနဲ့တဲ့
သားကို ကယ်ပါဦးအဖိုးရယ် ဓားမှမရရင် သားအိမ်ပြန်မရဲလို့ပါ...."
" မင်းကလည်းကွာ တတ်တတ်ဆန်းဆန်း
ကျောက်တုံးကိုမှ ဓားနဲ့ခုတ်ရတယ်လို့ကွာ..."
" ဟာ အဖိုးကလည်း သားပထမ အစမ်း
ခုတ်ကြည့်ပြီးပါပြီဗျ ဓားကမှ ဘာမှမဖြစ်တာ
သားက ဒီဓားကိုယုံကြည်လို့
ကျောက်တုံးကို အပြတ်ခုတ်ဖို့ ဆုံးဖြတ်
လိုက်မိတာပါ...
" ဟေ.... မင်းကလည်းကွာ
မင်းဓားက ဘယ်လာက် ကောင်းနေလို့
လည်းဟ ဘယ်လောက်ထိ ကောင်းတဲ့ ဓားဖြစ်နေပါစေ မာကျောတဲ့အရာတခုကို ခုတ်ပါများတော့
သူဘယ်ခံနိုင်ပါ့မလည်းကွယ့်...
ဒီမှာ ငါ့မြေးမှတ်ထား..!
လောကကြီးဟာလည်း အဲဒီဓားတလက်လိုပါဘဲ ကိုယ့်မှာပစ္စည်းဥစ္စာ ပညာ၊အဏာရှိတိုင်း သူတပါးကို ဘာပဲလုပ်လုပ် လုပ်လို့ရတယ်ထင်ပြီး အရမ်းမလုပ်နဲ့
သူတပါး အကြောင်းမသိခင်မှာ တခါနှစ်ခါ အသာရချင် ရပါလိမ့်မယ် အခါများလို့ အကြောင်း သိလာရင် ပေါင်းမိပေါင်းရာနဲ့ ပေါင်းပြီး မင်းဘဝကိုပြာကျသွားအောင်
သူတို့တတွေ လုပ်
ဆောင်နိုင်တယ်ဆိုတာ ငါ့မြေး သတိထားပါ..."
" ဟုတ်ကဲ့အဖိုး သားမှတ်ထားပါ့မယ်...."
" အေးကွာ ကောင်းပါပြီ....
ကဲလာ... ဖိုထဲသွားရအောင်
ငါ့မှာလည်း တစ်ယောက်တည်းမို့
သံ မီးဖုတ်ဖို့ မီးမွှေးပြီး
မင်း ဖိုဆွဲပေးရလိမ့်မယ်...."
"ဟာ.... အဖိုးကလည်း
သားကမီးအပူမှ မခံနိုင်တာ မီးမဖုတ်ပဲ
ဒီ အတိုင်းထုလို့မရဘူးလား အဖိုး...."
"တယ်....!
ဒီကလေးနဲ့တော့ ခက်တော့တာဘဲ
အပူမပေးဘဲ ဒီအတိုင်းထုရင် မင်းယူလာတဲ့ ဓားနှစ်စက ငါ့ဆီရောက်မှ အစ,တစ်ရာလောက်ဖြစ်သွားမှာပေါ့ကွ...
"မှတ်ထားပါ မြေးလေး..!
ငါ့မြေးကို အဖိုးပြောစရာ တခုကျန်သေးတယ်...
အပူဒဏ်မပေးဘဲ ဓားတလက်ကို
လိုရာပုံသွင်း၍ မရတတ်သလို
ဘာအပူပင်တခုမှ မရှိတဲ့ ဘဝတခုကိုလည်း
လိုရာပုံသွင်းဖို့ ခက်လှပါတယ်...
ဒါ့ကြောင့် မိဘနားနေ မိဘဆီမှာစားနေကြတဲ့ ငါ့မြေးတို့လိုအရွယ်က အပူမပေးထားတဲ့ဓားနဲ့တူတယ်
အခုလို မင်းအဖေက မင်းကိုအပူတတ်ပေးတာ မင်းကို ပုံသွင်းလိုက်တာနဲ့ တူတူပါဘဲ မြေးလေးရဲ့...
လောကမှာ ပူပင်ဒုက္ခတွေများလာလေလေ ကိုယ့်ဘဝအတွက် အမြင်ကျယ်လေလေပါ
အဲ့ဒီလို အမြင်ကျယ်လေလေ ကိုယ့်ဘဝအတွက် ကိုယ် လိုရာပုံ သွင်းလို့ရလေလေပါဘဲ မြေးလေး...
မိမိဘဝ မိမိဒုက္ခနဲ့ မိမိရင်မဆိုင်ခင်အချိန်ဟာ. !
ဓားကောင်းတလက်ရရှိဖို့ ရိုက်နှက်ထုထောင်း ပုံသွင်းနေကြတဲ့ အဖိုးတို့လို ပန်းဘဲဆရာတွေ ရှိမှ ဖြစ်နိုင်သလို...
ငါ့မြေးတို့လို အရွယ်တွေအတွက် သားကောင်းရတနာ တစ်ယောက်ဖြစ်ဖို့အတွက် ဟိန်းဟောက် ခြိမ်းခြောက် တတ်တဲ့ မိဘ ဆရာသမားကောင်းတွေ ရှိမှဖြစ်မယ် ငါ့မြေးရဲ့...."
" သား နားလည်ပါပြီ အဘိုး...."
#credittooriginalwriter
#သုတရသဓမ္မအဖြာဖြာ
#မူရင်းရေးသာသူအားလေးစားလျှက်
#chrry

image