- ထမင်းပေါင်းအိုးနဲ့ သီးစုံထောပတ်ထမင်းအလွယ်ချက်နည်း -
ဆန်ပေါင်းအိုးဆန်ချိန်ခွက်သုံးခွက်စာ
မုန်လာဥနီ ဥတဝက်လောက် လေးထောင့်သေးသေးလေးတွေလှီးထား
ပဲစိမ်းအနည်းငယ်
စပျစ်သီးခြောက် နှစ်ဇွန်းစာလောက်
သီဟိုစေ့ နှစ်ဇွန်း
ပြောင်းဖူးစေ့အနည်းငယ်
ဆီသတ်ဖို့ကြက်သွန်နီတလုံးလောက်ပါးပါလှီးထား
ထမင်းကိုအနံ့လေးမွှေးမှကြိုက်လို့ သစ်ဂျပိုးခေါက်တခုလောက်၊ ကရဝေးရွက်နှစ်ရွက်၊ နာနတ်ပွင့် နှစ်ခုလောက်သုံးပါမယ် ။
ဆန်ကိုရေးဆေးပြီးစစ်ထားပါ ။
အရင်ဆုံး ဒယ်အိုးနဲ့ပဲဆီသတ်ပါမယ် ။
ဆီထမင်းစားဇွန်းနစ်ဇွန်းလောက်ကို ပူအောင်တည်ပြီးကြက်သွန်နီကိုထည့်ဆီသတ်ပါ ။
ပြီးရင်ထောပတ်နှစ်ဇွန်းလောက်ထည့် ။
ဟင်းခတ်အမွေးအကြိုင်တွေထည့်ပြီးဆီသတ်ပါ ရေစစ်ထားတဲ့ဆန်တွေ ထည့်မွေပါ ။
အရသာအတွက် ပြီးရင်ချက်မဲ့ပေါင်းအိုးထဲပြောင်းထည့်ပါ ။
ရေကိုတော့ချက်နေကျအတိုင်းအတာအတိုင်းထည့်ပြီးချက်ပါ ။
ထမင်းမကျက်ခင် ငါးမိနစ်အလိုလောက်မှာအသီးအနှံလေးတွေထည့်ပါ ။
ဒါဆို သီးစုံ ထောပတ်ထမင်း စားလို့ရပါပြီး ။
ဟင်းကတော့ကြက်သားဆီပြန် ချက်နေကျအတိုင်းလေးပဲချက်လိုက်ပါတယ် ။
ကိုယ်အဆင်ပြေတဲ့ဟင်း နဲ့ ချက်စားလို့ရပါတယ်
