8 w - Translate

Secret Untold Melody (2025)

IMDb…..7.3 ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင် “Secret”ကို Remake အနေနဲ့ ပြန်လည်ဖန်တီးထားပြီး Exo D.O, Won Jin-Ah နဲ့ Shin Ye Eun တို အဓိက ပါဝင်ထားတဲ့နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။

ယူဂျွန်း (D.O)ကတော့ နိုင်ငံခြားမှာ စန္ဒရား ပြိုင်ပွဲ ဝင်ပြိုင်ရင်းကနေ လက်‌ကောက်ဝတ်ကျန်းမာရေး အခြေအနေကြောင့် ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့တဲ့သူပါ။ကိုရီးယားက ‌ဂီတ တက္ကသိုလ် တစ်ခုကို ရောက်ရှိလာတဲ့နေ့မှာပဲ ယူဂျောင်အာ (Won Jin Ah)ဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရင်း ဂျောင်အာရဲ့ စန္ဒရား တီးသံကို သဘောကျသွားခဲ့ပြီးယူဂျွန်းနဲ့ ဂျောင်အာတိုဟာ အတူသွား အတူလာ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။

သူငယ်ချင်း အဖြစ်ကနေ ခံစားချက်တွေ နက်ရှိင်းလာခဲ့ပေမဲ့ သူတိုကြားမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု တည်ရှိနေတယ်ဆိုတာကို ယူဂျွန်းက ရိပ်စားမိသွားတဲ့အခါမှာတော့..နက်ရှိင်းလာတဲ့ ဒီ ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ တည်ရှိနေတာလဲ…သူတိုရဲ့ ချစ်ခြင်းတွေ ပေါင်းစပ်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦး။

image