ကုန်းဘောင်ပြင်သစ် - ရွှေစကြာ
ကုန်းဘောင်ခေတ်ကာလတုန်းက ဗမာယောကျ်ားနဲ့ ပြင်သစ်မိန်းမပျိုတစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ရေးထားတဲ့ စာအုပ် ။
ဒီစာအုပ်ကို ပထမအကြိမ်ရေးခဲ့တုန်းက ၁၉၄၀ တဲ့ ။ အဲ့ခေတ်ကလို့ မထင်ရလောက်အောင် ဇာတ်လမ်းဇာတ်အိမ်က ဆန်းပါတယ် ။
သံလျင်မြို့သား ထွေးမြဟာ ရွှေဘိုမြို့မှာ
ပညာလာရောက်သင်ကြားရင်း ခင်သစ် ဆိုတဲ့
ပြင်သစ် ဗမာ ကပြားမိန်းကလေးနဲ့ ဆုံတွေ့ခဲ့တယ်။
ပြင်သစ်မလေးကို မြန်မာစာ သင်ကြားပေးရင်း
ခင်သစ်အပေါ် ချစ်စိတ်ဝင်သွားတဲ့ ထွေးမြ ။
မထင်မှတ်ထားလောက်အောင် လက်ရဲဇက်ရဲ
ရှိပေတကားလို့ ပြောရမလိုပဲ ။
" ပစ္စည်းမရှိရင် ငတ်သွားမှာပေါ့ ဂုဏ်ပကာသန
ဆိုတာလည်း မရှိရင် မဖြစ်တဲ့ဟာမျိုးပဲ "
ဂုဏ်တွေ ငွေတွေရှိမှ လက်ထပ်ယူချင်တယ်ဆိုတဲ့
ပြင်သစ်မလေး ခင်သစ် ။ ထွေးမြအတွက် ဂုဏ်ရှိဖို့ အကြောင်းဖန်လာတာကတော့ ဗမာတွေ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်တော်မူတဲ့အခါမှာပေါ့ ။
ဒီဝတ္ထုဟာ စိတ်ကူးယဥ်မဟုတ်ဘဲ တကယ့်အဖြစ်အပျက်ကို ဝတ္ထုသဖွယ်ရေးသားထားကြောင်း စာရေးဆရာက ပြောထားတယ် ။
ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀ ခန့်လောက်က ဗမာလူမျိုး နဲ့ ပြင်သစ်မလေးကြားက အချစ်ဇာတ်လမ်းကို
စစ်ပွဲတွေကြားမှာ ရှေးရှေးက အသုံးအနှုန်းအခေါ်အဝေါ်တွေကြားမှာ စွဲမက်ရင်ဖိုစရာကောင်းလောက်အောင် ရေးဖွဲ့ထားပါတယ် ။
