8 w - Translate

ဂျိုး - မိုးမိုး( အင်းလျား )
ဆယ်ကျော်သက်လူငယ်တွေ အထူးသဖြင့်
ယောကျ်ားလေးတွေ ဖတ်သင့်တဲ့ စာအုပ် ။
စာအုပ်နာမည်အတိုင်းပဲ ဝတ္ထုထဲက ဇာတ်ဆောင်ကောင်လေးနာမည်က ဂျိုး တဲ့ ။ ဂျိုးဟာ ဘယ်သူမို့လို့လဲမေးလာရင် ဘာကောင်လေးမှ မဟုတ်ပါဘူးလို့ ဖြေရမယ် ။ ပညာတတ်ကြီးလည်း မဟုတ်
စီးပွားရေးတစ်ခုခုမှာ အောင်မြင်ကြွယ်ဝနေတဲ့
သူလည်း မဟုတ် ။
ဒါဆို ဘာလို့ လူငယ်တွေဖတ်သင့်တယ်လို့ ပြောရလဲဆိုတော့ ဂျိုးလို မမှားသင့်အောင်ပါ ။
ဂျိုး ဘဝကို မြင်ပြီး သူက ဒီလမ်းရွေးလို့ ဒီလိုတွေမှားသွားတယ် ငါတို့မလုပ်သင့်ဘူးဆိုတဲ့ အတွေးတွေ ရလာမယ်လို့တော့ အာမခံရဲပါတယ် ။
မိဘအရင်းက မမွေးနိုင် မကျွေးနိုင်လို့ ပိုက်ဆံနဲ့
ရောင်းခံခဲ့ရတဲ့ ဂျိုး ။ ဇာတ်နာလှချည်ရဲ့လားလို့
မတွေးလိုက်ပါနဲ့ သူ့ဘဝက ဒီတစ်ချိန်ပဲ သနားစရာကောင်းခဲ့တာပါ ။ ဝဲတွေပေါက်နေတဲ့ ဂျိုးပေါက်စနကို ပြုစုယုယခဲ့လို့ တစ်အိမ်လုံး ဝဲစွဲသွားတဲ့
ဦးမြအေးတို့ မိသားစု ။
အလိုလိုက်ခံရတဲ့ကလေးက ဆိုးတတ်လား ?
သွေးသားအရင်းကဖြစ်တည်လာတဲ့ သားမဟုတ်တဲ့ သားကို အရင်းထက် ပိုချစ်ခဲ့တဲ့ ဦးမြအေး ။ ဂျိုးဟာ ပန်းကန်လုံးကို ပေါက်ခွဲပစ်ရင်တောင် သိပ်အားရှိတဲ့ ငါ့သားကွ ပန်းကန်လုံးတောင် နိုင်တယ်ဆိုပြီး ပြောခဲ့တာ ။
အဲဒီလို အချစ်ခံ အလိုလိုက်ခံရတဲ့ ဂျိုး ။
မိဘက အတတ်ပညာပေးချိန်မှာ ကျောင်းပြေးပြီး ထန်းရည်သောက် ရုပ်ရှင်ကြည့်ခဲ့တဲ့ ဂျိုး ။
စီးပွားရေးအတွက် လမ်းစချပေးချိန်မှာ သူငယ်ချင်းနဲ့ ပေါင်းပြီး ဖဲရိုက်ပစ်တဲ့ ဂျိုး ။
အဲဒီလို ဂျိုးရယ်ပါ ။
စောစောက ပြောခဲ့သလို ဒီလူဆိုးကောင်ဆီကနေ
ဘာမှ သင်ယူစရာမရှိပါဘူး ။ ဒါပေမဲ့ သူလျှောက်ခဲ့တဲ့ လမ်းအတိုင်း မလျှောက်ဘူးဆိုတဲ့ ခံစားချက်တော့ ရပါလိမ့်မယ် ။
မိဘတွေ ပျိုရွယ်ချိန် ပညာပေးနိုင်တုန်း ရအောင်သင်ထားမယ်ဆိုတဲ့ အတွေးမျိုး
မိဘက ယုံကြည်လို့ မိဘပိုင်စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ခိုင်းချိန်မှာ မိဘတွေယုံကြည်နိုင်အောင် ကိုယ်လုပ်မဲ့ အလုပ်ကို မဆုံးရှုံးအောင် လေမလွင့်ဘဲ သုံးဖြုန်းမနေဘဲ ကြိုးစားသင့်တယ်ဆိုတဲ့ အတွေးမျိုး
အဲဒီလိုအတွေးမျိုးတွေ ဝင်လာပြီး ဆင်ခြင်သွားလို့ရပါတယ် ။ မိဘက အလိုလိုက်လို့ ဆိုးရပါတယ်ဆိုပြီး ယိုးမယ်ဖွဲ့လို့တော့ မရပါဘူး။
ကိုယ့်ကိုယ်ကိုဖျက် ဆိုတဲ့ စကားတောင်ရှိသေးတယ်မဟုတ်လား ။
ကိုယ့်ကိုယ်ကိုဖျက်လို့ သံချေးတက်ခဲ့ရတဲ့ ဂျိုးဆိုတဲ့ ကောင်လေးကိုကြည့်ပြီး ခံစားဖို့ လမ်းမလွဲဖို့ ဆယ်ကျော်သက်ယောကျ်ားလေးတွေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါရစေ။

image