မြစ်တို့၏မာယာ - ဂျူး
" ကိုယ် မထိန်းချုပ်နိုင်ဘူးဆိုတာကို
အချိန်လွန်မှ သိခဲ့ရတဲ့ အမှားပဲ "
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီထင်ပေမဲ့
မရမှန်းသိတိုင်း အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ မိုးဝေ တဲ့ ။
ပုဂံမြေမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရေစက်ကလေးတစ်ခု ။ ကျောက်စာချပ်တွေ ရှေးဟောင်းဘုရားတွေကြားမှာ ရင်းနှီးခဲ့ရတဲ့ လူနှစ်ယောက် ။
မျက်မှန်ထူထူတပ်ထားပြီး ဆေးလိပ်အရမ်းသောက်တဲ့ တိုးရစ်ဂိုက် မိုးဝေ နဲ့ မန္တလေးတက္ကသိုလ်က မြန်မာစာနည်းပြဆရာမလေး
ကေသီ ။
ပုဂံရဲ့ ရှေးဟောင်းကျောက်စာချပ်တွေကြားမှာ
နံရံဆေးရေးပန်းချီတွေ ကြည့်ကြတဲ့အခါမှာ
ရှေးသမိုင်းတွေ ပြောကြရင်း တစ်စတစ်စ
ပွားခဲ့တဲ့ သံယောဇဉ်ကြိုးမျှင်လေး ။
တကယ်တော့ ကေသီမှာ လူကြီးချင်းသဘောတူ
စေ့စပ်ထားတဲ့ ဦးရန်နိုင်ဆိုတဲ့ ဆရာတစ်ယောက်ရှိတယ် ။ ကေသီရဲ့ စာတမ်းတင်ပြီးမှ လက်ထပ်ယူကြဖို့ လုပ်ထားတဲ့သူပေါ့ ။
ဒါပေမဲ့ ပုဂံမှာ ဆုံစည်းခဲ့ရတဲ့ မိုးဝေ ဆိုတဲ့
တိုးရစ်ဂိုက်လေးနဲ့ တွေ့ပြီးမှ ကေသီဟာ
ချစ်တတ်လာခဲ့တော့တယ် ။
သူမ ချစ်မိသူဟာ မိုးဝေ ။
တကယ်တော့ ကေသီကို အစက သိပ်ပြီး
အမြင်မကြည့်ခဲ့ဘူး ။ စာအုပ်ကို နှစ်ခါမြောက်ဖတ်ပြီးချိန်မှပဲ နားလည် သနားသွားခဲ့ရတာ ။
ကေသီဟာ ဖောက်ပြန်တာ မဟုတ်ဘူး ။
ရွေးချယ်လို့ မရခဲ့တာဆိုတာကိုလေ ။
ပုဂံမှာ လေးရက်တာ ဆုံခဲ့တဲ့ မိုးဝေ နဲ့ ကေသီ ။
တစ်ယောက်လိပ်စာ တစ်ယောက်မသိ ။
ကဲ သူတို့ဘယ်လိုဆက်ဖြစ်မှာလဲ ။
" မောင်ဟာ ကျွန်မကို ချစ်ကိုချစ်လာစေရမယ်
မောင့်ကို ကျွန်မ ရအောင်ယူမယ် "
ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်ကိုပြန်ချစ် မချစ်
သိရအောင် ကေသီဟာ ရန်ကုန်ကို လိုက်လာပြီး
မိုးဝေကို ရှာပါတော့တယ် ။ တိုးရစ်လုပ်တယ်
ဆိုတဲ့ဟာလေးတစ်ခုနဲ့ ရန်ကုန်မြို့ကြီးမှာ
ကေသီဟာ မိုးဝေကို ရှာခဲ့ပါတယ် ။
မိုးဝေဟာလည်း ကေသီကို ချစ်နေခဲ့လား ။
အချိန်တစ်လ အတွင်းမှာ တစ်ယောက်နဲ့
တစ်ယောက် ချစ်မိနေကြတာကို သိအောင်
ပြောပြခွင့် ရနိုင်ပါ့မလား ။
တသသနဲ့ မေ့မရတော့မဲ့ ကေသီ နဲ့ မိုးဝေ ။
အချစ်နဲ့ ပတ်သက်လို့ အသနားရဆုံး ဇာတ်ကောင်ဟာ မိုးဝေပါပဲ ။
မိုးဝေသာ သူ့စိတ်ကို အကြာကြီး မထိန်းချုပ်ခဲ့ရင်
ကေသီသာ ဆုံးဖြတ်ချက်တွေ မမြန်ခဲ့ရင်
" ကိုယ်တို့ နှစ်ယောက်ဟာ တစ်ယောက်ကို
တစ်ယောက် အပြစ်ပေးဖို့သက်သက်
တွေ့ခဲ့ကြတာပဲ "
