8 w - Translate

ဘေဘီလုံမှာအချမ်းသာဆုံးလူ-ကိုတင်ဝင်းလှိုင်
(Rating-4/5)
ဒီစာအုပ်ကိုဆရာကြီးဖေမြင့်ကလည်းဘာသာပြန်ထားပါ‎သေးတယ်ဗျ🤗
လီယံတော့ဒီစာအုပ်ဖတ်ပြီးနောင်တအကြီးကျယ်ရမိပါတယ်
ဒီလိုစာအုပ်ကောင်းကိုဘာလို့များအစောကြီးကတည်းကမဖတ်ဖြစ်ခဲ့ရတာလည်းလို့🥰
ဘေဘီလုံမြို့ကြီးမှာဇာတ်အိမ်တည်ထားပြီး
အဲ့ဒီ့မြို့မှာအချမ်းသာဆုံးဖြစ်တဲ့
သူဌေးကြီးအာခက်ရဲ့အကြောင်းကိုပြုပြီး
ကြီးပွားကြောင်း(၇)ရပ်အကြောင်းအခြားပုဂ္ဂိုလ်များရဲ့ဇာတ်လမ်းတိုလေးများလည်းပါဝင်ပါတယ်ဗျ💜
📖ကြီးပွားကြောင်း(၇) ရပ်📖
(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။
(၅) အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။
လူငယ်တွေအဓိကဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါဗျ🤍

image