ငွေဆောင်ရဲ့ လည်ပတ်စရာတွေထဲက ✨
ဧည့်သည်တွေ အများစုသွားတတ်ကြတဲ့ ကျွန်းတစ်ကျွန်းကိုပြောပါဆိုရင်တော့
ငှက်ကျွန်း 🐦 ပဲ ဖြစ်ပါတယ်ခင်ဗျာ 😍 Google မှာတော့ Calventuras Islands 🗺 လို့
တွေ့ရမှာဖြစ်ပါတယ် 🔎
အရင်က ဇီဝဇိုးငှက်တွေ 🦤🦜 ရှိခဲ့ကြလို့ ငှက်ကျွန်းလို့ ခေါ်တဲ့ပုံပေါ်ပါတယ်
ကျွန်းပေါ်မှာ ချောက်နက်တစ်ခု 🕳တော့ ရှိတယ်။
အဲ့ထဲမှာ ဇီဝဇိုးငှက်အသိုက်တချို့ 🪹 ရှိတယ်လို့လဲ ပြောလေ့ပြောထရှိကြပါတယ်..
Snorkeling 🤿 လုပ်ချင်တာပဲဖြစ်ဖြစ်၊ Diving 🏊‍♂️ သမားပဲ ဖြစ်ဖြစ်၊
နောက်ပြီး Fishing 🎣 လုပ်တဲ့သူတွေလည်း ဒီကျွန်းလေးဘက်ကိုပဲ လာကြပါတယ်ခင်ဗျာ...
မနက်စောစော 🌅 ကျွန်းပေါ်တက်ပြီး Sunrise ကို ကြည့်မယ်ဆိုရင် 🌊 ပင်လယ်လေညှင်းနံ့သင်းသင်းလေးနဲ့ တကယ်ကို စိတ်အေးချမ်းစေမှာအမှန်ပါပဲ ခင်ဗျာ...
ငှက်ကျွန်းကို ရောက်ရင် 🏝
✔️ ကျွန်းပေါ်တတ်ပြီး ခရုခွံ🐚လေးတွေ ဂုံးခွံ🦀လေးတွေ ကောက်မယ်
✔️ ဓာတ်ပုံ📸ရိုက်ကြမယ်
✔️ တောင် 🏔 ပေါ်တတ်ပြီးငှက်ကျွန်းရဲ့ အလှဆုံးနေရာဖြစ်တဲ့ View Point မှာ 📷 ဓာတ်ဖမ်းကြမယ်
✔️ တောင်ပေါ်ပတ်ကြည့်ပြီး လေ့လာမယ် 👀
✔️ တောင်အောက်ပြန်ဆင်းပြီး စားသောက်ဆိုင်🍽မှာ ဗိုက်ဖြည့်ပီး အနားယူကြမယ် 😋
တကယ်လို့ မရောက်ဖူးသေးရင် 🤔
ဒီတစ်ခါ ငွေဆောင်ရောက်တဲ့အခါ☀️ ငှက်ကျွန်းဘက်ကို သွားလည်ကြည့်ရအောင်နော် 🤩
အောက်တိုဘာလ နောက်ပိုင်းကာလကနေ ဧပြီလကုန် လောက်ထိပဲ
မိုးလေကင်းလွတ် 🌤 အန္တရာယ်ကင်းကင်း 🚤 ပုံမှန်သွားလည်သင့်တဲ့ အချိန်တွေ ဖြစ်ပါတယ်ခင်ဗျာ ✅
မိုးရာသီ🌧 ဆိုရင်တော့ ငှက်ကျွန်းဘက်ကို သွားလည်လို့တော့ မရပါဘူး ❌
ငွေဆောင် 🏖 ကမ်းခြေကနေ ငှက်ကျွန်းကို Speed Boat 🚤 နဲ့ဆိုရင် ⏳ နာရီဝက်လောက်ပဲ ကြာမှာနော် 😉

image