8 w - Translate

မထင်ထားလောက်အောင် ဈေးကြီးမယ့် Apple ခေါက်ဖုန်း
ဒေါ်လာ 2000 ကျော်တန် ခေါက်ဖုန်းဖြစ်မယ်လို့ ခန့်မှန်းထားတာထက်တောင် ဈေးပိုကြီးနေမလား မသိပါဘူး။ လောလောဆယ် ထပ်ထွက်လာတဲ့ သတင်းအရဆို ဒေါ်လာ 2500 ဝန်းကျင်အထိ ရှိမယ်လို့တောင် ဆိုထားပါတယ်။ iPhone 16 Pro Max ဈေးရဲ့ ၂ ဆနီးပါးပါပဲ။
ခေါက်ဖုန်းတွေက သာမန်ဖုန်းတွေထက် ဈေးကြီးတာက ပုံမှန်ပဲဆိုပေမဲ့ Apple ခေါက်ဖုန်းဆိုရင်တော့ ပိုဈေးများလောက်မယ်ဆိုတာ တော်တော်များများတော့ ခန့်မှန်းပြီးဖြစ်မှာပါ။ ဒါပေမဲ့ လက်ရှိတော့ Apple ခေါက်ဖုန်းက သင်မထင်ထားလောက်တဲ့အထိ ဈေးကြီးလာနိုင်ခြေရှိတယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။
Apple ကတော့ သူတို့ရဲ့ ပထမဆုံးခေါက်ဖုန်းကို 2026 ဒါမှမဟုတ် 2027 လောက်မှ မိတ်ဆက်လာနိုင်ပြီး Unlimited အနေနဲ့လည်း ထုတ်လာနိုင်ခြေရှိနိုင်တယ််ဆိုပြီး Leaker တော်တော်များများကတော့ ခန့်မှန်းထားကြပါတယ်။ iPhone 17 Line up အတွက်တောင် ဗြောင်းဆန်နေတာဆိုတော့ Apple ခေါက်ဖုန်းကို ဘာမှမမျှော်လင့်ထားသေးတာ ပိုကောင်းပါလိမ့်မယ်ခင်ဗျာ...

image