Tensor G4 သုံး ဒေါ်လာ ၅၀၀ တန် Pixel 9a ကြေညာ
compact ဘော်ဒီနဲ့ SoC သစ် သုံးထားတဲ့ Google ရဲ့ Pixel ဖုန်းသစ် ထွက်လာပါတယ်။
Pixel 9 စီးရီးရဲ့ ဒီဇိုင်းကို ပြန်သုံးထားတဲ့ ဒီဖုန်းက Pixel 9 စီးရီးလိုတော့ ကင်မရာ bump အထူကြီးနဲ့ မဟုတ်တော့ဘဲ ပြားကပ်ကပ်လေး ဖြစ်သွားပါတယ်။ ဘော်ဒီကိုတော့ ကျောဘက်ပိုလီကာဘွန်နိတ် panel ၊ အလူမီနီယမ် flat ဖရိမ်နဲ့ ထုတ်ထားပြီး mid-range ဈေးနဲ့ ထွက်ထားတာပါ။
Google ရဲ့ ဈေးအနည်းဆုံးဖုန်းက အသစ်မိတ်ဆက်ထားတဲ့ Google Tensor G4 chip သစ်နဲ့ မောင်းနှင်ထားပါတယ်။ Tensor G4 မှာ Titan M2 လုံခြုံရေးမြင့် coprocessor လည်း ပါပါတယ်။ RAM 8GB ကို စံထားပြီး storage ကိုတော့ 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။
Pixel 9a ကို IP68 rating နဲ့ ထုတ်ထားတာ ဖြစ်လို့ ရေနဲ့ဖုန်ဒဏ် ကောင်းကောင်းခံနိုင်ပါတယ်။ screen ကိုတော့ ၆.၃ လက်မ 120Hz FHD+ pOLED display သုံးပြီး brightness bit 2700 အထိ အမြင့်ဆုံး ထွက်မယ်လို့ ဆိုပါတယ်။
ကျောဘက်မှာ OIS နဲ့ Quad PD Dual Pixel Autofocus ပါ 48MP f/1.7 ကင်မရာနဲ့ 12MP Ultrawide lens သုံးထားပြီး ရှေ့မှာ Pixel 8a လိုမျိုး 13MP selfie နဲ့ လာပါတယ်။ ကင်မရာပိုင်းမှာ Google ရဲ့ အာကာသဓါတ်ပုံနည်းပညာ Astrophotography feature ပါတဲ့ ပထမဆုံး Pixel A-series ဖုန်းလို့ ဆိုပါတယ်။ နောက်ပြီး Macro Focus လိုမျိုး အနီးကပ် close up ရိုက်ချက်တွေကို detail ကျကျ ရိုက်နိုင်မယ့် feature လည်း ပါလာပါတယ်။
Pixel 9a မှာ အရင် a series ထက် ပိုကြီးတဲ့ 5100mAh ဘက်ထရီ သုံးထားပြီး 23W fast charging နဲ့ Qi wireless charging စနစ်တွေ သုံးပေးထားပါတယ်။ Android 15 နဲ့ လာပြီး OS နဲ့ Security Update ၇ နှစ်ရမယ့်ဖုန်း ဖြစ်လို့ ၂၀၃၁ နှစ်အထိ update ဖြစ်နေမှာပါ။
အရောင်အနေနဲ့ Obsidian , Procelain , Iris နဲ့ Peony လေးရောင်နဲ့ လာပြီး ၄၉၉ ဒေါ်လာဈေးနဲ့ ဧပြီလထဲ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
