K Pay ကို မြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မည်ဟု အသိပေးလာ +++++
လက်ရှိ မူဝါဒအပြောင်းအလဲကြောင့် KBZPay ဝန်ဆောင်မှုတွေကို ပြည်တွင်းဖုန်းနံပါတ်တွေနဲ့သာ အသုံးပြုနိုင်မယ်လို့ KBZPay ဘက်က အသိပေးလာပါတယ်။
ထိုင်းဖုန်းနံပါတ် (+66) နဲ့ KBZPay အသုံးပြုသူတွေထံ အသိပေးမှုအတွင်း “၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ စတင်ကာ ငွေလွှဲဝန်ဆောင်မှုများအား ယာယီဆိုင်းငံ့ထားမည်”လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် KBZPay ကို ဆက်လက်အသုံးပြုလိုပါက မြန်မာဖုန်းနံပါတ်နဲ့ ပြောင်းလဲအသုံးပြုဖို့လည်း တိုက်တွန်းထားပါတယ်။
သတင်း - BETV Business
