တိုက်ပွဲများအတွင်းမှ ပြေးလာသည် AA တစ်ဦးကို အင်္ဂပူတွင်ဖမ်းမိ
******************
(မှုခင်း) မတ်လ ၂၀
တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ AA ၏ အဖွဲ့ဝင်တစ်ဦးကို လုံခြုံရေးအဖွဲ့များမှ အင်္ဂပူမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်အုပ်စုတွင် လေးမျက်နှာမြို့နယ် တိုက်ပွဲများအတွင်းမှ ပြေးလာသော ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့မှ မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်အား အရပ်ဝတ်နှင့် လက်နက်မဲ့ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဥပဒေအရ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
