#ခွေးလှေးယားပင်
ပန်းနာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့်ကို ပျားရည်ထောပတ်နှင့် ရော၍ လျှက်ပေးပါက ပန်းနာ ပျောက်စေပါတယ် ။
သွေးဝမ်း ခွေးလှေးယားအမြစ်ရဲ့အမှုန့်ကို ရေဖြင့်ရော
သောက်ပါက သက်သာ ပျောက်ကင်းစေပါတယ် ။
ပြင်းထန်သောဝမ်းရောဂါ အတွက် ခွေးလှေးယားမြစ်
ကို ၅ ပုံတစ်ပုံကြွင်း ပြုတ်ပြီး ပျားရည်ဖြင့် ရောသောက်ခဲ့
ပါက အလွန်ပြင်းထန်သော ကာလဝမ်း ရောဂါပျောက်
ကင်းစေပါတယ် ။
ဆီးချုပ်နာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့်ငါးရွေးသားခန့်ကို ရေဖြ
င့်ရောပြီး သောက်ခဲ့ပါက ဆီးချုပ် ရောဂါ ပျောက်ကင်းစေပါတယ် ။
သွေးအံသွေးကျ ဖြစ်ပါက ခွေးလှေးယားစေ့ အနုကို
ဟင်း အဖြစ်ဖြင့်ကြော်ချက်စားပါက ထို ရောဂါပျောက်
သည်။
ပိန်ကြုံနာ ခွေးလှေးယားစေ့ ကို ထောပတ် ဖြင့်ကြော်
ချက်စားပေးပါက ပိန်ကြုံ သောရောဂါ ပျောက်ကင်းပြီး
သုတ်အားသည်လည်း တိုးပွါးလာပါလိမ့်မည်။
ရေဖျဉ်း ဖြစ်ပါက ခွေးလှေးယားမြစ်ကို ကြိတ်၍ ရေဖျဉ်း ရှိနေသော
ဗိုက်တွင် လိမ်းပေးပါက သက်သာစေပါတယ် ။
ဆင်ခြေထောက်ရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ မြစ်
မှုန့်တိုကို ဆီဖြင့်ချက်ပြီး လျင် ဆေးဖတ်တို့ကို စစ်ထုတ်
ပစ်ပြီး ၄င်း ဆီကို လိမ်းပေးပါက ဆင်ခြေထောက်ရောဂါ
ကို ပျောက်ကင်းစေပါသည်။
ကင်းဆိပ် တက်ပါက ခွေးလှေးယားစေ့ ကိုကြိတ်ပြီး
ကင်းကိုက်ရာတွင် အုံပေးပါက ကင်းဆိပ်ပြေပျောက်ကင်းစေပါတယ် ။
ရွဲ့စောင်းလေငန်း ဖြစ်ပါက ခွေးလှေးယားစေ့ အခွံချွတ်
၍ နွားနို့နှင့် ကျိုသောက်ပေးပါက နှုတ်ခမ်းရွဲ့စောင်းခြင်း
#မျက်စိရွဲ့စောင်းခြင်း စသောလေငန်း ရောဂါ ပျောက်ကင်း
သည်။
ငန်းဖျား ဖြစိပါက အမြစ်ကို ၅ ပုံတစ်ပုံကြွင်းပြုတ်၍
သောက်ခဲ့သော် အဖျားလွန်ကဲခြင်း ကယောင်ကတမ်း
ပတောက်ပရစ် ပြောဆို၍ ဖျားခြင်းပျောက်ကင်းစေပါတယ် ။
သားအိမ်လျောနာ ဖြစ်ပါက ခွေးလှေးယားမြစ်ကို ၄ပုံ ၁ပုံ
ကျန်အောင်ရေဖြင့် ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့်
သားအိမ် ကို ဆေးကြောပေးပါကသာအိမ် လျောခြင်း
ကင်းပြီး သာအိမ် အားရှိလာပါလိမ့်မည်။
**#ဆေးနည်း**
သုတ်အားနည်း ဖြစ်ပါက ခွေးလှေးယားစေ့ ဆူးလေသီး
စေ့ သကြားတို့ကို ဆတူစု အမှုန့်ပြု၍ တစ်နေ့လျှင် ၆ ပဲသားခန့်
သောက်ပါ။
#သုဿတကျမ်းတွင်
----------------------
သုတ်ပျက် ပါက ခွေးလှေးယားစေ့ ကို အခြားသော
အားရှိစေတတ်သည့် ဆေးဖက်မျိုးတို့နှငိ့ ရောစပ် မှီဝဲ
ပေးပါက သုတ်ပျက်ရောဂါ ပျောက်ကင်းသည်။
သုတ်ရည်ယို ခွေးလှေးယားသီး နု အစိမ်းကို အရိပ်မှာ
သွေ့အောင်လှမ်း၍ နွားနို့ ၂၅ိ သားဖြင့် ကျို ပါ။၄င်း ကို
နေ့စဉ် သုံးစွဲပေးပါက သုတ်ရည် အမျှင်မျှင် ကျဆငိး
ယိုစီးသော ရောဂါ၊ ကာမ အားနည်းသောရောဂါ။
သုတ်အားနည်းသောရောဂါများ ပျောက်ကင်းပါသည်။
ကာလသားရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ ၁၂ ပဲ သားကို ကြိတ်၍
ရေ ၁၂ ကျပ် ၈ ပဲ့သားနှင့် နေ့စဉ်
၇ ၇ကျတိုငျတိုငျ သောက်ခဲ့သော် ကာလသား ရောဂါ
ပျောက်ကင်းပါသည်။
အနာ အသားနုတက်စေရန် ခွေးလေးယားစေ့ ၃ိ သားကို ကြိတ်၍ မုန်ညင်း
ဆီ ၁၂ ိသားဖြင့် ချက်ပြီလျှင် အဆီကို
စစ်ယူပြီ မကျက်နိုင်သော အနာပျက်များကို လိမ်းပေး
လျှင် အနာ အသားနု တတ် ၍ ကျက်လာပါလိမ့်မည်။
****ခွေးလှေးယား အပင် အစေ့ကို သောက်ဆေးအနေနှင့်
အသုံးပြုအဆိပ်အတောက်ရှိသော အပင်ဖြစ်ပါသည်။
ခွေးလှေးယားစေ့ကို အစိမ်းအတိုင်းမသုံးသင့်ပါ
လှော်ခြင်း၊ ပြုတ်ခြင်း ၊ တိုင်းရင်းဆေးပညာ နည်းအရ (သုဒ္ဓပြု)
အဆိပ် အာနိသင် ဖယ်ရှားခြင်းပြုလုပ်ပြီးမှ သုံးရပါမယ်။

image