8 w - Translate

လားရှိးမြိုပေါ်မှာ ပြည်တန်ဆာလုပ်ငန်း MNDAA ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာဟုဆို
********************
(ပြည်တွင်း) မတ်လ ၂၀
ကိုးကန့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ MNDAA က အဓမ္မဝင်ရောက် ပစ်ခတ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ပြည့်တန်ဆာအလုပ်ခေါ်စာတွေ လမ်းမဘေး ဓာတ်တိုင်တွေပေါ်မှ ကပ်ထားသလို ဆိုင်းဘုတ်တွေနဲ့ လည်း ထောင်ထားတွေရှိနေတယ်လို သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်တွေအရ MNDAA က လားရှိုးကို အဓမ္မဝင်ရောက် ပစ်ခတ်ထိန်းချုပ် ပြီး ၁ လအကြာမှာ ပြည်တန်ဆာတွေနဲ့ KTV တွေ အဆမတန်များပြားလာသလို ဝန်ဆောင်မှုသွားယူတဲ့ သူတွေကတော့ MNDAA လက်နက်ကိုင်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

လားရှိးမြို့မှာ အခုလို ပြည်တန်ဆာအလုပ်တွေ ၊ KTV အလုပ်တွေပေါများလာတာဟာ တရုတ်နယ်စပ်နဲ့ နီးစပ်တာကြောင့် အပန်းဖြေဖို့ ဝင်လာကြသူတွေလည်း ရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ကိုးကန့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ MNDAA က လားရှိးမြို့ကို ၂၀၂၄ ခုနစ် သြဂုတ် ၃ရက်နေ့မှာ အဓမ္မဝင်ရောက် ပစ်ခတ်ထိန်းချုပ်ပြီးတဲ့နောက် KTV ၊ ပြည်တန်ဆာ နဲ့ လောင်းကစားဝိုင်းတွေ အများအပြားပြုလုပ်နေကြတယ်လို့ သိရပါတယ်။

image