ပျင်းစရာကောင်းပေမယ့် သုံးကောင်းလောက်တဲ့ Pixel 9a
.
Google ကနေ Pixel 9a ကို တရားဝင်မိတ်ဆက်လိုက်ပြီ။ စျေးကလည်း Pixel 8a အတိုင်း $499 ကနေ စဝယ်လို့ရမယ် - ဆိုတော့ လက်ရှိ iPhone 16e ထက် $100 ပိုသက်သာမယ်၊ Galaxy A56 နဲ့ စျေးအတူတူလောက်သွားကျပြီး Nothing Phone (3a) Series ထက် ပိုများမယ်။
ဒီတစ်ခါ Pixel 9a က ဒီဇိုင်းပိုင်းမှာတော့ Camera Bump မပါတော့တဲ့ Dual Camera Design ဖြစ်သွားမယ်၊ အရောင်တွေကအစ ပိုပြီး Fun ဖြစ်လာပြီ။ ဒါပေမယ့် ဖုန်းပုံစံကတော့ ပျင်းဖို့ကောင်းတုန်းပဲ - ဘေးဘောင်တွေက Flagship မဟုတ်တော့ နည်းနည်းထူနေသေးတာမျိုး၊ နောက်ဖက်က Back Panel က Nothing တောင် Phone (3a) ကို Glass Back သုံးလာတဲ့အချိန်မှာ Plastic ပဲဆက်သုံးနေတုန်းပါ။
ဒါပေမယ့် Google ကနေ Pixel 9a မှာ သုံးတဲ့အချိန်မှာ အဓိကကျတဲ့အပိုင်းတွေကို သေချာအာရုံစိုက်ထားတယ်။
Chipset ပိုင်းမှာ Pixel 9 အတိုင်း Tensor G4 Chipset ဖြစ်မယ်၊ RAM 8GB ကိုမှ 128GB (သို့) 256GB ရွေးနိုင်မယ်။ Display ကလည်း Pixel 8a ထက် Size နည်းနည်းပိုကြီးတဲ့ 6.3" 120Hz pOLED Display ဖြစ်ပြီ - Brightness ကအစ 2700nits အထိရတော့ Pixel 9 Display ကို ကောက်ထည့်ပေးလိုက်တာလို့တောင် ပြောလို့ရတယ်။
နောက်ထပ် Upgrade က Battery ကို 5100mAh အထိထည့်ပေးလိုက်တာပဲ။ ဒါက Pixel ဖုန်းတွေထဲမှာ Battery အကြီးဆုံးဖုန်းဖြစ်သွားပြီ - Pixel 9 Pro XL တောင် 5060mAh | Pixel 9 - 4700mAh နဲ့ Pixel 8a ဆို 4492mAh ပဲရှိတယ်။ ဒါကြောင့် Google ဘက်ကနေ Pixel 9a က နာရီ ၃၀ ကျော် အသုံးခံမယ်လို့တောင် ပြောထားတယ်။
ပြီးတော့ Camera ပိုင်းမှာတော့ 48MP Main + 13MP Ultrawite | 13MP Selfie Camera တွေထည့်ပေးထားတယ်။ Pixel ဖုန်းဖြစ်နေတော့ Camera Quality ရော၊ AI Feature ပိုင်းတွေမှာပါ တခြားစျေးတန်းတူဖုန်းတွေထက် ပိုကောင်းနိုင်တယ်။
ကျန်တာဆိုလို့ Wireless Charging တွေ၊ IP68 Rating | Under-Display Fingerprint တွေပါမယ်။ Android 15 ကို တန်းသုံးပေးထားတယ်။
လောလောဆယ်မှာ Google Pixel 9a ဖုန်းကို မိတ်ဆက်လိုက်ပေမယ့် Google ကနေ Pre-order မှာယူခွင့်မပေးသေးဘူး။ ဒါကလည်း နောက်ဆုံးအချိန်ကြမှ Component Quality Issue တစ်ခုပြဿနာရှိနေတာကြောင့်လို့ ဆိုထားတယ်။ ဘယ်အချိန်မှ ဝယ်နိုင််မလဲမသိရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် စျေးသိပ်မသုံးပဲ ရိုးရိုးရှင်းရှင်း Android ဖုန်းတစ်လုံးရှာနေရင် Pixel 9a က Battery ခံတာတွေ၊ ကင်မရာကောင်း၊ Software Experience ကောင်းမှာနဲ့တင် ညွှန်းလို့ရလောက်ပြီ။ သေချာတာကတော့ iPhone 16e ထက် ပိုတန်မယ် - တခြား Nothing Phone (3a) တို့၊ Galaxy A56 တို့နဲ့ယှဥ်ရင်တော့ သုံးမယ့်သူအကြိုက်ပေါ် ပိုမူတည်လောက်မယ်ပေါ့
