ဘူးထဲမှာ အားသွင်းကြိုးတောင် ပါမှာမဟုတ်တော့ဘူးပဲ 🫠
.
Apple ဟာ ယခုနှစ် စက်တင်ဘာလအတွင်းမှာ မိတ်ဆက်မယ့် iPhone 17 Air ကို အပါးဆုံး iPhone တစ်လုံးအဖြစ် မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ ဒီလိုမျိုး 5.5mm လောက်ပဲအထူရှိမယ့် iPhone အတွက် Apple ဟာ အစောပိုင်းတုန်းက USB-C Port ကိုပါ ဖြုတ်ချဖို့ စဥ်းစားခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါပေမယ့် Apple ဘက်ကနေ USB-C Port ကို iPhone 17 Air မှာ ဖြုတ်ချဖို့ မဆုံးဖြတ်ခဲ့တာဟာ အသုံးပြုသူတွေဘက်မှာ USB-C Port မပါတဲ့ iPhone ကို အဆင်သင့်ဖြစ်နေပြီလို့ မယူဆခဲ့သလို တစ်ဖက်မှာလည်း တကယ်လို့ USB-C Port ကို ဖြုတ်ချလိုက်ရင် USB-C ကို အတင်းပြောင်းလဲခိုင်းခဲ့တဲ့ EU - Eurpoean Union ဘက်ကနေ အငြင်းပွားဖွယ်ထပ်ဖြစ်နိုင်တာကြောင့်ဆိုပြီး Bloomberg Media ကနေ ဖော်ပြခဲ့ပါတယ်။
အခုဆိုရင် 9to5Mac ကနေ ဖော်ပြချက်အရ EU ရဲ့ Commission Press Officer - Federica Miccoli ကိုယ််တိုင်ကနေ အားသွင်းပေါက်မပါတဲ့ ဖုန်းတွေက EU ရဲ့ စည်းမျဥ်းတွေနဲ့ ကိုက်ညီတယ်လို့ ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ ပြောကြားချက်က တချို့ Radio Equipment တွေကလည်း ကြိုးနဲ့အားသွင်းနိုင်ခြင်းမရှိတာကြောင့် အခု USB-C လိုမျိုး ကြိုးဖြင့်အားသွင်းတဲ့ နည်းလမ်းတစ်ခုတည်းကို တူညီစွာအသုံးပြုဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တာပါ။
Apple ဘက်ကနေလည်း အစောပိုင်းထဲက Wireless Charging ပိုင်းမှာ Wireless Power Consortium - WPC အဖွဲ့အစည်းကို ကိုယ်ပိုင် MagSafe Wireless Charging နည်းပညာကို ပေးသုံးခဲ့ပြီး လက်ရှိ Android ဖုန်းအချို့မှာပါ စပါလာတဲ့ Qi2 Wireless Charging Standard ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် iPhone 17 Air လိုမျိုး ဖုန်းမှာတော့ USB-C Port ပါဦးမှာဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေကြရင်i Phone တွေမှာ အားသွင်းပေါက်မပါဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။
အဲ့ကြရင် Data Transfer ကို AirDrop ပဲ သုံးရမလား၊ MagSafe ကို Data Transfer ရလာမလား စောင့်ကြည့်ရတော့မယ် 👀
