8 ပတ် - ဘာသာပြန်ပါ။

လုပ်ငန်းခွင်မှာ ကိုယ့်လက်အောက်က ကိုယ့်ထက် အသက်ကြီးတဲ့ဝန်ထမ်းတွေကို ဘယ်လိုစီမံမလဲ
လုပ်ငန်းခွင်ထဲက ဦးဆောင်မှုတွေအကြောင်းကို ပြောကြတဲ့အခါ ကိုယ်ကိုယ်တိုင်လက်ခံထားတဲ့ ဦးဆောင်မှုဆိုတာ ဘာလဲဆိုတာကို အရင်ဦးဆုံး ရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာဦးဆောင်မှုနဲ့ပတ်သက်လာရင် အားလုံးရှေးရိုးစွဲလို့ပဲပြောပြော အများစုလက်ခံထားကြတာက ဦးဆောင်သူဆိုတာ ကျွန်မတို့ထက် အသက်အရွယ်အားဖြင့်ကြီးမြင့်တဲ့သူ၊ အတွေ့အကြုံအားဖြင့် သာလွန်ပြီးတော့ ကျွမ်းကျင်တဲ့သူ စသဖြင့်ဒီလိုမျိုးတွေ အရင်းခံ အားဖြင့် လက်ခံထားတဲ့အပိုင်းတွေ အများကြီးရှိကြတယ်။
အခုနောက်ပိုင်းမှာ ဦးဆောင်ရည်မြင့်မားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့လူငယ်ဦးဆောင်သူတွေကို နေရာပေးတဲ့အခါ တော်တော်များများလုပ်ငန်းခွင်ထဲမှာ ကြုံရတဲ့ အဲဒီအပြောင်းအလဲတစ်ခုက အဲဒီအသက်အရွယ် ကြီးမြင့်တဲ့သူတွေကို ဦးဆောင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာမျိုးပါ။ တကယ်တော့ ဦးဆောင်မှုမှာ ပုံစံတွေ အများကြီးရှိပါတယ်။ အဲဒီတော့ကိုယ့်ရဲ့အဖွဲ့အစည်း မှာရှိနေတဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်နဲ့တွဲလုပ်ရတဲ့ဝန်ထမ်းတွေနဲ့ ဘယ်လိုဦးဆောင်မှုပုံစံတွေက အဆင်ပြေမလဲဆိုတာကိုတော့ အရင်ဦးဆုံး လေ့လာစူးစမ်းတာလေး လုပ်ကြည့်ဖို့လိုမှာဖြစ်ပါတယ်။
ဒါပေမဲ့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကို ပြောမယ်ဆိုရင်တော့ ကျွန်မတို့တွေကိုယ်တိုင်က သူတို့တွေကို လေးစားမှုအရင်ပြတာပါ။ တစ်ခါတလေ သူတို့မှာ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုနဲ့ပတ်သက်ပြီး အတွေ့အကြုံအားဖြင့် အားနည်းပေမဲ့ ဒီအဖွဲ့အစည်းနဲ့ပတ်သက်လာရင် ကိုယ့်ထက်ပိုပြီး ရင်းနှီးကျွမ်းဝင်မှုရှိတဲ့အခါမှာ သူတို့တွေဆီကမှ ကျွန်မတို့ပြန်သိရတဲ့ Information တွေရှိမယ်၊ လုပ်နည်းလုပ်ဟန်တွေလည်းရှိမယ်၊ မူဝါဒတွေလည်း ရှိကောင်းရှိနိုင်မယ်။ အဲဒီတော့ ကိုယ့်ဘက် ကနေ လေးစားမှုကို ထိထိရောက်ရောက်ချပြပေးပါ။ နောက်တစ်ခုအရေးကြီးတာက သူတို့နဲ့ ကိုယ့်ရဲ့ကြားထဲမှာ လုပ်ငန်းဦးဆောင်မှုနဲ့ပတ်သက်လာတဲ့အခါ အမြဲတမ်း ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသားရှိတဲ့ Communication Channel တွေကိုလည်း တည်ဆောက်ထားဖို့လိုပါတယ်။
ဆိုလိုတာက ကျွန်တော်တို့ ဘယ်ကိုတော့ ရောက်အောင်သွားရမယ်၊ ဘယ်အချိန်မှာတော့ ပြီးအောင်လုပ်ရမယ်၊ ဒီလိုပြီးအောင်လုပ်ဖို့အတွက်ဆိုရင်တော့ ဘယ်သူ့မှာတော့ တာဝန်ရှိတယ် ဆိုတာတွေနဲ့ပတ်သက်လာရင် အမြဲတမ်း ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်း တိတိကျကျနဲ့ ဖော်ထုတ် ပေးပါ။ သူတို့ရဲ့အစွမ်းအစ၊ တစ်ဦးချင်းစီမှာရှိနေတဲ့ အစွမ်းအစတွေကို သေချာဖော်ထုတ်ပေးပြီးတော့ ဒီအရာတွေအပေါ်မှာ ချီးကျူးပေးတာ၊ ဂုဏ်ပြုပေးတာ၊ အသိအမှတ်ပြုပေးတာတွေလုပ်ရတယ်။ နောက်တစ်ခါ သူတို့ကိုလည်း ကိုယ်ကိုယ်တိုင်က လေးလေးစားစားဆက်ဆံပေးတဲ့အခါ တော်တော် များများ သူတို့တွေရဲ့ အမြင်တွေက ကိုယ့်အပေါ်မှာ ပြောင်းလဲလာလိမ့်မယ်။ ဘာကြောင့်လဲဆို‌တော့ ကျွန်မကိုယ်တိုင်လည်း အရင်က အမျိုးသားမန်နေဂျာတွေအများကြီးရှိတဲ့အထဲမှာ အသက်အငယ်ဆုံး အမျိုးသမီးမန်နေဂျာအနေနဲ့ စပြီးလုပ်ခဲ့တဲ့အချိန်မှာ ဒီလိုမျိုး အခက်အခဲပေါင်းများစွာကို အများကြီး ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေကို ကျွန်မကလည်း လေးစားပေးတယ်၊ တန်ဖိုးထားပေးတယ်၊ နေရာပေးတယ်၊ အသိအမှတ်ပြုပေးတယ်။ ဒီလိုနဲ့ အချင်းချင်းကြားထဲမှာ Communication တွေကို ကောင်းမွန်အောင်ဆောင်ရွက်သွားရင်းနဲ့ တကယ် ကိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာပါတယ်ဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။
#လုပ်ငန်းခွင်အသုံးချhrmanagement #hrmanagement
#hr #hrm #humanresourcemanagemnt
#စုဝေဖြိုးအောင် #suwaiphyoaung

image