8 ပတ် - ဘာသာပြန်ပါ။

ရာသီစာ သရက်သီးတွေကို
သရက်ခြောက်ဖြစ်အောင် နေလှန်းပြီး
အမှုန့်ကြိတ်ထားတဲ့ သရက်မှုန့်တွေပါ။

သရက်မှုန့်တွေကို ဘာလုပ်လို့ရလဲဆိုတော့

ဟင်းချက်တဲ့အခါ
မန်ကျည်းသီး နေရာမှာ အစားထိုးသုံးနိုင်ပါတယ်။
ဟင်းရည်လဲ ပျစ်သွားပြီး
ဟင်းအရောင်လေးလဲ တစ်မျိုးထူးခြားသွားပါတယ်။

ကြက်သောက်စမ်းချက်ရင်လည်း
သရက်သီးမှုန့်လေး ထည့်ချက်လို့ရပါတယ်။

ထောပတ်ထမင်း, အုန်းထမင်းနဲ့ တွဲဖက် စားဖို့အတွက်
သရက်သီး ကုလားဒယ် အနှစ်အိအိလေးလုပ်လို့ရပါတယ်။

ဝက်သရက် , ငါးသရက်လည်း ချက်စားနိုင်ပါတယ်။
သရက်သီး ငါးပိကြော်လည်း ကြော်စားနိုင်ပါတယ်။
အချဉ်သုပ်လည်း သုပ်စားနိုင်ပါတယ်။

အမှုန့်ကြိတ်မယ်ဆိုရင်
ကျွတ်ခြောက်နေမှသာ အမှုန့်ကြိတ်လို့ ရမှာမို့
သရက်သီးအစိမ်းကို အခွံမနွှာပဲ ဓါးနဲ့ပေါက်
ဆားလေးအနည်းငယ်နဲ့ နယ်ပြီး
နေပူပူမှာ ကျွတ်ခြောက်တဲ့အထိ နေလှမ်းပါ။
ပြီးမှ အမှုန့်ကြိတ်ပြီး ပုလင်းထဲထည့်ပြီး သိမ်းထားပါ။
ဒါမှပဲ မှိုမတက်မှာပါ။

ကျွတ်ခြောက်နေအောင် နေလှန်းထားရင်
နောင်နှစ်သရက်သီးပေါ်ချိန်ထိ သုံးလို့ရပါတယ်။

ကြိတ်စက်မရှိရင်တော့
သရက်ခြောက်လေးအတိုင်း သိမ်းထားပြီး
အဆင်ပြေသလို အသုံးပြုလို့ရပါတယ်။

သရက်ခြောက်ကတော့
မိုးမကျခင်အချိန် နွေခေါင်ခေါင်မှာ နေလှန်းရမှာပါ။

သရက်သီးစိမ်းလှိုင်လှိုင်ပေါပြီး
နေလှန်းဖို့ အကောင်းဆုံးဖြစ်တဲ့ နွေရာသီမှာ
အခြောက်လှန်းဖို့ အသင့်တော်ဆုံးပါပဲ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
#crd

image