8 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့်အဆောက်အအုံများရှိ အခန်းများမဲနှိုက်ပေးမည်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာက ထပ်မံပြီးစီးသည့် အဆောက်အအုံနှစ်လုံးရှိအခန်းများကို မတ် ၂၃ ရက် နံနက် ၉ နာရီခွဲတွင် မဲနှိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သာကေတ၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းမြို့နယ်များမှ မဲနှိုက်ခွင့်ရရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားကြောင်း ဖော်ပြထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၂) လမ်းနှင့် အမှတ်(၇) မြို့ပတ်လမ်းဆုံအနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး နေရေးအခက်အခဲရှိသူများကို ငါးနှစ်ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကြာမီ ထပ်မံပြီးစီးမည့် တိုက်ငါးလုံးကို မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြိုတင်အသိပေးကြေညာထားကြောင်း သိရသည်။

image