8 w - Translate

ပထမဆုံး Gaming Tablet ထုတ်ဖို့ ပြင်ဆင်နေတဲ့ Infinix
နှစ်အစပိုင်းပဲရှိနေသေးပေမဲ့ တော်တော်လေးအဖွင့်ကောင်းနေတဲ့အထဲ Infinix လည်း အပါအဝင်ပါပဲ။ MWC 2025 မှာ product အသစ်တွေ မိတ်ဆက်ပီးကထဲက လူပြောများလာတဲ့ Infinx က အခုလည်း ပထမဆုံး Gaming Tablet ထုတ်ဖို့ ပြင်ဆင်နေပြီဆိုတဲ့အကြောင်း သတင်းတွေထွက်လာပါတယ်။
မနှစ်က XPad ဆိုတဲ့ Infinix ရဲ့ ပထမဆုံး Tablet ကို မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာ ဒုတိယမြောက်ထပ်ပြီးမိတ်ဆက်လာတဲ့ Tablet လို့ပဲပြောရမှာပါ။ ဒါပေမဲဲ့ ဒီတစ်ခေါက် Tablet ကိုတော့ Gaming ပိုင်းကို ဦးစားပေးပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။
XPad GT လို့ အမည်ပေးထားတဲ့ ဒီ Gaming Tablet ဟာဆိုရင် Ram 8GB / Storage 256GB ပါဝင်မယ်လို့သာ ‌သတင်းတွေထွက်ထားတာပါ။ Spec: အသေးစိတ်နဲ့ ဈေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ Gaming Tablet ဖြစ်တာမို့ spec: တွေ အမြင့်ပိုင်းဖြစ်ဖို့တော့ မျှော်လင့်နေကြပါတယ်။

image