8 ပတ် - ဘာသာပြန်ပါ။

Base Model - Pixel 10 မှာပါ Periscope/Telephoto ပါလာပြီ 👀
.
Steve McFly (aka) OnLeaks ကနေ အခု Google Pixel 10 Series ဖုန်းတွေရဲ့ Render ဓါတ်ပုံတွေကို အရင်ထုတ်ပေးလိုက်ပါပြီ။ ဒီနှစ်မှာလည်း မနှစ်ကအတိုင်းပဲ Pixel 10 | Pixel 10 Pro နဲ့ Pixel 10 Pro XL ဆိုပြီး (၃) မျိုး မိတ်ဆက်မှာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းတွေအရလည်း Pixel 10 Series ဖုန်းတွေက Pixel 9 Series နဲ့ယှဥ်ရင် ဘာမှ သိသိသာသာပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ ဒါပေမယ့် Base Model Pixel 10 မှာတော့ နည်းနည်းပြောင်းတယ်။
Pixel 10 က 6.3" Flat Display ကိုပဲ​သုံးထားမယ်၊ အထူက 0.1mm ပိုထူလာပြီး 8.6mm ဖြစ်မယ်။ ထူးခြားတာက Camera Setup မှာ အရင် Pixel 9 လို Dual Camera အစား Triple Camera Setup ဖြစ်သွားပြီ - အဓိပ္ပါယ်က Google ကနေ Base Model Pixel 10 ဖုန်းမှာလည်း Periscope ဖြစ်နိုင်တဲ့ Telephoto Camera ကို ထည့်ပေးတော့မှာပါ။
ကျန်တဲ့ Pixel 10 Pro ဖုန်းကလည်း Pixel 10 အတိုင်း 6.3" Display | 8.6mm အထူနဲ့ Triple Camera Setup ပါမယ်။ Pixel 10 ထက် ပို Premium ဖြစ်လာမှာက ဘေးဘက် Frame တွေကိုပဲ Glossy ပုံစံဖြစ်သွားတာပဲရှိမယ်။
Pixel 10 Pro XL ကြတော့ 6.8" Display ကိုမှ အထူ 8.5mm ဖြစ်မယ်။ ဒီဇိုင်းပိုင်းက ဘာမှပြောင်းမှာမဟုတ်ဘူး။
အခုလို ဒီဇိုင်းအတူတူပေမယ့် ဒီနှစ် Google Pixel 10 Series ဖုန်းတွေက ပထမဆုံးအကြိမ် TSMC နဲ့ ပူးပေါင်းပြီး ထုတ်ထားတဲ့ Tensor G5 Chipset ကို သုံးလာမှာပါ။ ဆိုတော့ အရှေ့မှာ Samsung နဲ့ ပေါင်းပြီး Performance ပိုင်း အားနည်းခဲ့သမျှ ဒီနှစ် TSMC ကြောင့် ပြန်ခေါင်းထောင်လာနိုင်မလား စောင့်ကြည့်ရမယ်။
မဟုတ်လည်း Pixel Fan ဆိုရင် ဒီနှစ် Base Model Pixel 10 က တော်တော်လေး မဆိုးလောက်ဘူး 👀

image