8 w - Translate

ညအတွက်သရဲကား


မတ် အဖြစ် Winai Kraibutr
နတ် အဖြစ် Intira Jaroenpura

ဇာတ်လမ်းအကျဥ်း..

မတ်နဲ့နတ်ဆိုတဲ့ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ဟာ တစ်ရက်မှာတော့ စစ်မှုမထမ်းမနေရစနစ်ကြောင့် မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရပါတယ်။ မတ်ဟာ ကိုယ်ဝန်ရှိနေတဲ့ဇနီးသည်ကြောင့် ထွက်မသွားချင်ခဲ့ပေမဲ့ ဘုရင့်အာဏာကိုမဖီဆန်နိုင်ခဲ့ပါဘူး။ စစ်မြေပြင်မှာ ခက်ခက်ခဲခဲရုန်းကန်ရင်း သူငယ်ချင်းဖြစ်သူ မျက်စိရှေ့မှာတင် သေသွားတာကိုပါ မြင်ခဲ့ရပါတယ်။ သူလည်းပဲ ရင်ဘတ်ပေါ်ကဓားဒဏ်ရာကြောင့် သေတော့မလိုဖြစ်သွားခဲ့ပေမဲ့ ဘုန်းကြီးတစ်ပါးရဲ့ကယ်တင်ပေးမှုကြောင့် အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။

နဂိုအတိုင်းပြန်သက်သာလာတဲ့အချိန် ကယ်တင်ပေးတဲ့ဘုန်းတော်ကြီးက ပြုခဲ့တဲ့အကုသိုလ်ဝဋ်ကြေးတွေ လျော့နည်းသွားအောင် ပဥ္ဇင်းဝတ်ဖို့အကြံပေးခဲ့ပေမဲ့ တစ်နယ်တကျေးမှာကျန်နေခဲ့တဲ့ ဇနီးနဲ့ကလေးကို ပြုစုစောင့်ရှောက်ပေးရဦးမှာမို့ နောက်မှသာ ပြန်လာခဲ့မဲ့အကြောင်း လျှောက်တင်ကာ ဇနီးနဲ့ကလေးဆီ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇနီးနဲ့ကလေးကို တစ်ရွာလုံးက မီးတွင်းထဲမှာသေသွားတာကြာလှပြီဆိုတဲ့အကြောင်း ပြောလာတဲ့အခါမှာတော့..

image