ဧရာဝတီတိုင်းအတွင်းမှ လူသိပ်မသိသေးတဲ့ နေရာလေးတစ်ခု 🏞
ဓာ၊းသွေးကျောက်ကမ်းခြေ
ရေညှိစိမ်းများရှိရာအရပ်ကျောက်ကလပ်🌊
ကျောက်ကလပ်ရောက်ပြီး ဒီနေရာလေး မရောက်ခဲ့ရင်...မပြီးပြည့်စုံတဲ့ ခရီးစဥ်ဖြစ်ပါတယ်...🌊
ဘင်္ဂလားပင်လယ် အစ မြန်မာနိုင်ငံတွင် တည်ရှိသောသဘာဝအလှတရား ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မှာရှိတဲ့ကမ်းခြေအလှ🏖
ဘယ်လိုသွားမလဲ ?
🚗ပုသိမ် မော်တင် ဟိုင်းကြီးကျွန်းမြို့ ကားလမ်းသွားပြီး ဟိုင်းကြီးကျွန်းမြို့မှ ပြင်ခရိုင်ချောင်းဝကို ကူးတို့ ၄၅မိနစ်စီး ၎င်းမှတစ်ဆင့် ဆိုင်ကယ်များ ကားများနှင့် ၃၀မိနစ်ခန့်စီးပြီး လည်ပါတ်ရပါမယ်။
ဒုတိယနည်းက ပုသိမ်မှ ရှပ်ပြေးသင်္ဘောများစီး ပြင်ခရိုင်ချောင်းဝမှတစ်ဆင့် လည်ပါတ်လို့ရပါတယ်။ တတိယ အကောင်းဆုံးလည်ပါတ်နည်းမှာ
မိမိတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ ရန်ကုန်မှ လပွတ္တာမြို့သို့
၁၅၀မိုင်ခန့် လပွတ္တာမှ လပွတ္တလုပ်ရွာသို့ ၂၀မိနစ်ခန့်မောင်း ဇက်ဆိပ်သို့ရောက်ပြီး ၃၀မိနစ်ခန့် ဇက်စီးပြီး ရေပေါ့ကြီးဘက်ကမ်းသို့ကူးရပါ (ဇက်ကူးချိန်က နံနက်၆နာရီ နဲ့ ညနေ၅နာရီနှစ်ကြိမ်ပဲ ကူးပါတယ်ကျန်အချိန်များဇက်ကူးချင်ပါက အထူးအော်ဒါကြေးပေးပြီး ကူးလို့ရပါတယ်)ဇက်ကူးပြီးလျှင် တံတားကြီးသေး ၁၃ခုဖြတ်ပြီး ၅၅မိုင် မောင်းပြီးပါက ရေညှိစိမ်းတွေနဲ့ ကျောက်ကလပ်အလှကို တွေ့မြင်ရှုစားလည်ပါတ်နိုင်ပြီဖြစ်ပါတယ်
