8 w - Translate

သယ်ယူပို့ဆောင်ရေးတွင် EV အသုံးပြုမှုသိသိသာသာမြင့်တက်လာ
ကမ္ဘာကြီးရေရှည်တည်တံ့ရန် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကိုဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များအသုံးပြုမှုသိသိသာသာမြင့်တက်လာသည်ဟု လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောသည်။
၎င်းမှ မတ် ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ကျင်းပသည့် EV Maintenance သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းမှ ရုပ်ကြွင်းလောင်စာများလျော့နည်းရှားပါးလာမှု၊ တစ်ဖန် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များလေထုလွှာအတွင်းထုတ်လွှတ်မှုမှ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုး သက်ရောက်လာသောစိန်ခေါ်မှုကို ကျော်လွှားနိုင်ကာ ကမ္ဘာကြီးရေရှည်တည်တံ့ရန် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များအသုံးပြုမှုသိသိသာသာမြင့်တက်လာသည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းတူ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအ စား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့်အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူများရရှိနိုင်စေရေးနှင့် Sustainable Society ကို တည်ထောင်နိုင်ရေးတို့အတွက် ဦး ဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးမူဝါဒများကို ၂၀၅၀ ပြည့်နှစ်အထိချမှတ်ကာ ဆက်စပ်ဌာနများနှင့် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် EV သုံးစွဲမှုမြင့်တက်လာရာ ပြည်သူများ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရန် သင်တန်းသားများအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာနည်းပညာများကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားကြရမည်ဖြစ်ပြီး ပြင်ပ EV လုပ်ငန်းများမှ တက်ရောက်သူများသည်လည်း မိမိတို့လုပ်ငန်းခွင်ရှိ နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ကြိုးစားသင်ယူကြရမည်ဟု ပြောကြားခဲ့သည်။
သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်လထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာ ဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် ဌာနဆိုင်ရာများမှ သင်တန်းသား(၁၀)ဦးနှင့် ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား(၁၆)ဦးတို့အား သင်တန်းချိန် နာရီ (၉၀)ကြာလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

image