ချမ်းမြသာစည်မြိုနယ်တွင် ငွေစုငွေချေးလုပ်ငန်းလုပ်နေသည့် နေအိမ် အနုကြမ်းစီး လုယက်ခံရ
*******************
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄×၅၅ လမ်းကြား၊ ၁၁၁-F လမ်း၊ အကွက်(ဖ-၁၉)၊ အိမ်အမှတ်(၁၂၀)တွင် အနုကြမ်းစီး ဓါးမြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၇ နာရီအချိန်ခန့်က ဒေါ်ဆွေဇင်ထွန်း၊ ၅၀ နှစ်၊ (ဘ)ဦးထွန်းလှိုင်၊ ငွေစုငွေချေးလုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်အတွင်းသို့ MDY-17/6H/4820 Mark-2 ခဲရောင်ကားဖြင့် အမည်မသိလူငယ် ၃ ဦး ရောက်ရှိလာပြီး နေအိမ်အတွင်း အတင်းဝင်ရောက်ကာ ဒေါ်ဆွေဇင်ထွန်း နှင့် နေအိမ်တွင်းရှိ အတူနေ မဇူးဇူးနိုင်၊ ၁၈ နှစ်၊ (ဘ)ဦးဝင်းစိုး၊ မှီခိုတို့အား ပါးအားရိုက်နှက်ပြီး ငွေကျပ် ၁၁၃ သိန်းကျော်အားလုယူကာ ၁၁၁-F လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားသည့် နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမေးမြန်းပြီး ပတ်ဝန်းကျင်နေအိမ်များတွင် တပ်ဆင်ထားသော CCTV မှတ်တမ်း များအား ကြည့်ရှုစစ်ဆေးခြင်း၊ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
