ယောကျ်ားကောင်းတို့ တကယ် ချစ်လာတဲ့ အခါ
၁။ မေတ္တာအပြင် စေတနာပါ ထားလာကြတယ် ၊
၂။ ကောင်းတာတွေဘဲ သုံးစေချင်ပြီး ကိုယ် ပြောစရာ မလိုအောင် လိုအပ်တာကို အလိုက် တသိ ဖြည့်ဆည်းပေးတယ် ၊
၃။ သူ အစားအသောက် ကောင်းတွေ စားနေရချိန် မင်းကို သတိတရနဲ့ ဝယ်လာပေးတာမျိုး ၊
၄။ သူ ဘယ်အရပ်ဒေသ ရောက်ရောက် သူချစ်တဲ့ မင်းအတွက် ကြိုက်တတ်တာလေးတွေကို သတိတရ နဲ့ ဝယ်လာပေးလိမ့်မယ် ၊
၅။ မင်းလမ်းမှားနေရင်တောင် အပြစ်မမြင်ဘဲ ဒါက ဒီလို ၊ ဒါလေးက ဒီလိုမျိုး ဖြစ်သင့်တယ်လို့ စိတ်ရှည်စွာ မင်းလက်ခံနိူင်အောင် ရှင်းပြလိမ့်မယ် ၊
၆။ သူချစ်တဲ့ သူကို တင့်တောင့်တင့်တယ် ထားနိူင်ဖို့ စိတ်ရောလူရော အစွမ်းကုန် ကြိုးစားလိမ့်မယ် ၊
၇။ အပြောနဲ့ အလုပ် ညီပြီး ကတိသစ္စာကို တန်ဖိုးထားလိမ့်မယ် ၊
၈။ သူချစ်တဲ့ မင်းအပေါ် ဖောက်ပြန်လိုစိတ်မရှိဘူး၊
၉ ။ သူချစ်တဲ့ မင်းကို သိမ်ငယ်စေတဲ့ အရာမျိုးတွေကို ရှောင်ရှားလိမ့်မယ် ၊
၁၀။ အပေါင်းအသင်းတွေရှေ့မှာ သူချစ်ရတဲ့ မင်းကောင်းကြောင်းတွေ ကျေနပ်ပီတိဖြစ်စွာ ထုတ်ကြွားလိမ့်မယ်၊ ညီမလေးတို့ရေ ဒီလို အမျိုးကောင်းသား လေးကို ပိုင်ဆိုင်နေရပြီလား၊ ပိုင်ဆိုင်ခွင့် ရနေတယ်ဆို တန်ဖိုးထားပြီး သူ့အချစ်နဲ့ ထိုက်တန်သူအဖြစ် ရှိနေပေးကြနော် ၊ ဒီလိုအချစ်မျိုး ခုခေတ်မှာ ရှားသွားပါပြီ ၊ တကယ်လို့ မပိုင်ဆိုင်ရသေးလဲ ဒီလို အမျိုးကောင်းသားများနဲ့သာ ဆုံတွေ့ကြရပါစေကြောင်း ဆုတောင်းပေးလျက်ပါ ၊
❤️🌻
#crd
