8 ပတ် - ဘာသာပြန်ပါ။

" လက်မှတ်စစ်ကြီး ဒီနေ့ သူများကို
ဖမ်းဦးမလား ဟင် ...."
" လက်မှတ် မဝယ်ရင်ဖမ်းမှာပေါ့ "
ထန်းလျက်ဆိုတာ မှော,င်ခိုဖြစ်ခဲ့တဲ့ ခေတ်တစ်ခုအောက်က လူတန်းစားတွေအကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုလေးတစ်ပုဒ်ပေါ့ ။
မီးရထားလက်မှတ်စစ် တီဘီစီလေး ကိုရင်မောင်။
စားဝတ်နေရေးအတွက် ထန်းလျက်မှော,င်ခိုကူးသူတွေကို ကြည့်ပြီး တခြားအပူက သူ့အပူကူးပြီး သနားနေတဲ့ တီဘီစီလေးပေါ့ ၊ မှော င်ခိုတွေ မိရင် သူပါ အလုပ်ပြုတ်နိုင်တာကိုး။
ခရမ်းချဉ်သီးတောင်းတွေ ၊ နာနတ်သီးတွေအောက်မှာ ထန်းလျက်တွေ ဖွ က် ၊ မီးရထားရဲတွေ လက်မှတ်စစ်တွေကို ပိုက်ဆံလေးပေးပြီး ရထားလက်မှတ်တောင် ဝယ်မစီးနိုင်တဲ့ ဘဝတွေ ။
ကိုရင်မောင်ဟာ ပုတီးကုန်းရွာက ညိုညို ဆိုတဲ့
မှော င်ခိုသမလေးကို ချစ်မိသွားခဲ့တယ် ။
ကိုရင်မောင် ကို "သူများ သူများ နဲ့ " ချစ်စဖွယ် စကားပြောတတ်တဲ့ ညိုညိုဟာလည်း အမေ လူမမာကြီးနဲ့ မောင်လေးကို ကျောင်းထားဖို့ လုပ်ကျွေးနေတဲ့ မိန်းကလေးပေါ့ ။
ကိုရင်မောင် နဲ့ ညိုညို တို့ ချစ်ခြင်းဟာ လှပနူးညံ့မှုတွေ နဲ့ ပြည့်စုံနေခဲ့တဲ့ ဘဝတွေ မဟုတ်ခဲ့ဘူး ။
အုန်းဆီလူးစရာ မရှိလို့ ပဲဆီလူးခဲ့ရတဲ့အတွက်
ပဲဆီနံ့သင်းနေတဲ့ ဆံပင်လေးတွေ ။
သုံးလွန်းတင် ဆန်ကွဲထမင်းစားရတာ လူတွေမြင်တော့ ရှက်ပြီး ငိုချင်တာတောင် ငရုတ်သီးစိမ်းစားပြီး စပ်လိုက်တာဆိုကာ မျက်ရည်ကျခဲ့ရတဲ့ ဘဝတွေ။
ရွေ့လျားနေတဲ့ ရထားကြီးပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ ဘဝတွေအကြောင်းသိရတာ ဖတ်ရင်း မောလာတော့တာပါပဲ ။ မှော င်ခိုပစ္စည်းတွေ တက်စစ်ရင် မမိပါစေနဲ့လို့ ဆုတောင်းပြီး ဖတ်နေမိတာ ၊ ပစ္စည်းတွေရှာနေရင် ဇာတ်ကောင်တွေနဲ့ အတူ အသက်ရှူပါအောင့်ထားမိတဲ့အထိ ။
မှော င်ခိုးကူးလို့ ရလာတဲ့ ပိုက်ဆံလေးနဲ့ တစ်မိသားစုလုံး ထမင်းစားကြရမဲ့ ဘဝတွေ ၊ ရလာတဲ့ ပိုက်ဆံအနည်းငယ်နဲ့ ရောဂါဖြစ်နေတဲ့ မိဘတွေကို ဆေးဝယ်တိုက်ချင်ကြတဲ့ ဘဝတွေ ၊ ချမ်းသာချင်လို့ မှောင်ခိုကူးတာ မဟုတ်ဘဲ ထမင်းစားရဖို့ လုပ်ကိုင်နေရတဲ့ ဘဝတွေ မြင်ရတာ သနားစရာ ရင်ဆို့စရာပါပဲ ။
စနစ်တစ်ခုရဲ့အောက်က အခြေခံလူတန်းစားတွေ
စနစ်ရဲ့အောက်က သားကောင်အဖြစ် ကျရာနေရာက အသက်ရှင်နေရတဲ့သူတွေ ။
ပစ္စည်းတွေ မမိအောင် အဖ,မ်းမခံရအောင် ခန္ဓာကိုယ်ပါပေးဆပ်လိုက်ရတဲ့ ဆင်းရဲသား မိန်းကလေးတွေ ။ မရှိတဲ့ဘဝတွေကို မစာနာဘဲ ကျားရဲဆွဲသလို ဖမ်းစားချင်နေတဲ့ ရဲတွေနဲ့ လက်မှတ်စစ်တွေ ။ အေးသွယ် ၊ နုနု နဲ့ သင်းသင်းလို မိန်းကလေးတွေ ဘယ်နှစ်ယောက်တောင် ပေးဆပ်ခဲ့ရသလဲ ။
ညိုညို ကို မှော,င်ခိုမလုပ်စေချင်တဲ့ ကိုရင်မောင်
တခြားသူတွေလို ဘဝပေးလိုက်ရမှာ စိုးရိမ်နေခဲ့ရတဲ့ ကိုရင်မောင် ။ ညိုညို့ကို အမဲဖျ,က်ဖို့ စောင့်နေတဲ့ မီးရထားရဲ ကိုထွန်းမောင် ။
သူတို့ဘဝတွေ ဘယ်လိုဆက်ဖြစ်မှာလဲ ။
ဝတ္ထုခေါင်းစဉ်မှာ ပါတဲ့ မသိန်းရှင်ဆိုတာ
ဘယ်သူလဲ ။ ဇာတ်သိမ်းမှာတော့ ရင်မှာ ကျင်ခနဲဖြစ်ပြီး မျက်ရည်ဝဲမိတာတော့အမှန်ပါပဲ ။
[ ဒီဝတ္ထုဖတ်ပြီး သိချင်ကြတာကတော့ ထန်းလျက်က ဘာလို့ မှော,င်ခိုကုန်ပစ္စည်း ဖြစ်ရတာလဲဆိုတာပါ အဖြေကတော့ ၁၉၆၄ အဲ့ခေတ်ကာလတုန်းက ပြည်သူပိုင်သိမ်းပြီး ဆိုရှယ်လစ်စနစ်ကို ပြောင်းလိုက်လို့ အောက်ခြေက မရှိဆင်းရဲသားတွေက အင,တ်ဘေးဆိုက်တော့တာပါပဲ ၊ ကိုယ့်လယ် ကိုယ့်ယာထွက်ကို တခြားကို ရောင်းခွင့်မရှိ ၊ သ,တ်မှတ်ထားတဲ့ နေရာကိုသာ ရောင်းရပြီး သူတို့သ,တ်မှတ်စျေး (တကယ်က မတန်မဆ နှိမ်ထားတဲ့စျေး )နဲ့ပဲ ရောင်းကြရတဲ့ ခေတ်ပါ ၊ အစစအရာရာ ကျပ်တည်းနေတဲ့ ခေတ်မို့ သူတို့ဆီ မရောင်းဘဲ တခြားကို ခိုးရောင်းကြရာက မှော,င်ခိုခေတ် ဖြစ်သွားခဲ့တာပါ။ ]
( နောက်တစ်ခုက မသိန်းရှင်ဆိုတာ အပြင်မှာ တကယ်ရှိတာပါပဲ ၊ ဝတ္ထုထွက်ပြီး ဒီအကြောင်းကို ဖတ်မိတဲ့လူတွေက မသိန်းရှင်ဆီ လာပြောပြကြသတဲ့ ၊ သူက စာမတတ်တော့ တခြားသူကို ဖတ်ပြခိုင်းပြီး ညိုညို့ကို သနားလို့ ငိုရောတဲ့လေ။
ဆရာနိုင်ဝင်းဆွေဟာ လယ်ဝေးဘူတာလေးမှာ လက်မှတ်စစ်လုပ်ခဲ့ဖူးသေးပါတယ် ။ ဒါကြောင့် ဒီဝတ္ထုထဲက ဘဝတွေ အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ပြီး ရေးဖွဲ့ထားတာ မဟုတ်ဘဲ တကယ်ရှိခဲ့တဲ့ဘဝတွေ အကြောင်းရေးဖွဲ့ထားတဲ့ စာအုပ်လေးပါ ။ )
Review from - Khant Hmu Lwinအား လေးစားစွာ
ဖြင့်crdပေး၍ဖော်ပြအပ်ပါသည်။
#မသိန်းရှင်ဆီပို့ပေးပါ
#နိုင်ဝင်းဆွေ

image