8 w - Translate

ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးဂိုးကို ဟော့ဂျ်လန်းပြန်ရသွားပါပြီ။ လက်စတာနဲ့ပွဲမှာ သွင်းနိုင်ခဲ့ပြီဖြစ်ပြီး ဂိုးမိုးခေါင်နေတာကို သူ အဆုံးသတ်နိုင်ခဲ့ပါပြီ။ အမော်ရင်ကတော့ ဟော့ဂျ်လန်းကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ပွဲတိုင်းနီးပါးထုတ်သုံးခဲ့တာပါ။ အခု ဂိုးပြန်ရပြီဆို‌တော့ နောက်လာမယ့်ပွဲတွေမှာ သူ့ဆီကနေ မျှော်လင့်နိုင်ပါတော့မယ်။
ဒိန်းမတ်သားကလည်း ဂိုးသွင်းပြီးနောက်မှာ အားပါးတရပဲ အောင်ပွဲခံသွားပါတယ်။ အောင်ပွဲခံဟန်ကို မမေ့သေးတာတော့ ကျေးဇူးတင်ရမယ်။ 😛 ဇာ့ခ်ဇီကလည်း ခြေစွမ်းပြလာပြီ၊ ဟော့ဂျ်လန်းကလည်း ဂိုးပြန်ရပြီဆိုတော့ အမော်ရင်လည်း အားတက်နေမှာပဲ။
ယူနိုက်တက်တို့ လက်စတာကို ဂိုးပြတ်နိုင်ခဲ့ပြီး နိုင်ပွဲဆက်နေပါတယ်။ အမော်ရင်ရဲ့ ကစားကွက်မှာ နည်းနည်းလေးအဆင်ပြေလာပြီဖြစ်ပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ အသင်းတသင်းဖြစ်လာမှာပါ။ အဲဒီလိုဖြစ်လာဖို့အတွက်တော့ အများကြီးလုပ်ရဦးမှာကလည်း အမှန်တရားပါပဲ။

image