8 w - Translate

port ပျောက်ဖုန်းဖြစ်မယ်လို့ သတင်းထွက်နေတဲ့ iPhone 17 Air

Apple အတွက် iPhone 17 Air ကမှ တကယ့် Special Edition မော်ဒယ်လို့ ဆိုရမှာပါ။

ဒီနှစ်ဆောင်းမှာ မြင်ရမယ့် ဒေါ်လာ ၉၀၀ ဝန်းကျင်တန် iPhone 17 Air က Apple ရဲ့ အပါးလွှာဆုံး နဲ့ အပေါ့ပါးဆုံး iPhone ဖြစ်လာပါလိမ့်မယ်။ ဒီဇိုင်းကလည်း လုံးဝအသစ်စက်စက် ကွဲထက်နေတဲ့ ဖက်ရှင်နဲ့ လာမှာပါ။

iPhone 17 Air မှာ Apple က စမ်းသပ်မှုတစ်ခုပါ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ အဲ့ဒါကတော့ USB-C port မသုံးတဲ့ ပထမဆုံး port-free iPhone ဆိုတဲ့ စမ်းသပ်ချက်ပါ။ ဒါက ဟိုအရင်ကတည်းက ကြံထားပြီး အခုထိ အထမမြောက်သေးတဲ့ Apple ရဲ့ အကြံတစ်ခုလည်း ဖြစ်ပါတယ်။

နာမည်ကြီး Analysts နဲ့ tipster တွေကလည်း iPhone 17 Air မှာ port-free အိုင်ဒီယာကို အကောင်အထည်ဖော်လာနိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။ တကယ်လို့သာ port-free iPhone ထုတ်မယ်ဆိုရင် အားသွင်းတာနဲ့ ဒေတာအပေးအယူကို wireless charging နဲ့ cloud data transfer ပေါ်ပဲ လုပ်နေရမှာပါ။

အိုင်ဒီယာက တော်တော်ဆန်းပေမယ့် တကယ့်လက်တွေ့ ဖြစ်လာဖို့တော့ ခက်ပါတယ်။ အကြောင်းတစ်ခုက EU ရဲ့ ဘုံအားသွင်းစံညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ပါတယ်။ EU ရဲ့ စည်းမျဉ်းထဲမှာ ၂၀၂၄ ဒီဇင်ဘာက စလို့ ထုတ်ကုန်တွေမှာ USB-C အားသွင်းစံကို မဖြစ်မနေ သုံးစွဲရမယ်လို့ ညွှန်ကြားထားလို့ပါ

image