9 w - Translate

DeepSeek အင်ဂျင်နီယာတွေ ပတ်စ်ပို့ အသိမ်းခံရ
ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ AI ကုမ္ပဏီရဲ့ ထိပ်တန်း အင်ဂျင်နီယာတွေ ပြည်ပထွက်ခွင့် ကန့်သတ်ခံရတယ်လို့ သတင်းထွက်နေပါတယ်။
DeepSeek ရဲ့ တန်ဖိုးနည်း စွမ်းရည်မြင့် AI model ပေါ်လာတဲ့နောက် အမေရိကန်စတော့ဈေးကွက်တွေ အလဲလဲ အပြိုပြို ဖြစ်သွားခဲ့တာ သိကြမှာပါ။ ဒါက တရုတ်ပြည်အတွက် ဂုဏ်ယူဖွယ်ရာ နည်းပညာအစွမ်းပြချက် ဖြစ်ခဲ့သလို တန်ဖိုးနည်း AI model သစ်တွေ ပေါ်ပေါက်လာဖို့လည်း DeepSeek က စံနည်းယူဖွယ် လမ်းပြကောင်း ဖြစ်ခဲ့ပါတယ်။
တန်ဖိုးကြီးလို့ သော့ခတ်ထားတယ်ဆိုတဲ့ စကားလိုပါပဲ။ R1 model နဲ့ ကမ္ဘာ့ AI လောကကို မွှေနှောက်သွားခဲ့တဲ့နောက် DeepSeek ရဲ့ နည်းပညာကို အပြင်မရောက်အောင် DeepSeek ရဲ့ အဓိကကျတဲ့ ဝန်ထမ်းတွေရဲ့ တရုတ်ပတ်စ်ပို့တွေ သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။
The Information သတင်းမှာတော့ ကုန်သွယ်ရေးလျှို့ဝှက်ချက် နဲ့ နိုင်ငံ့လျှို့ဝှက်ချက်တွေ ပါတဲ့ လျှို့ဝှက်သတင်းအချက်အလက် ပေါက်ကြားမှုကနေ ကာကွယ်ဖို့ ခရီးသွားခွင့်ပိတ်တာလို့ ပြောပါတယ်။ တရုတ်အစိုးရက နိုင်ငံရဲ့ ထိပ်တန်း AI ပညာရှင်တွေ အမေရိကန်ကို ခရီးသွားလာမှု ရှောင်ကြဉ်ဖို့ မကြာသေးခင်ကတည်းက ညွှန်ကြားထားတာပါ။
ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ AI ပါဝါချင်း ယှဉ်ပြိုင်လာချိန်မှာ DeepSeek ဟာ တစ်ကမ္ဘာလုံးက အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ တချို့ နိုင်ငံတွေမှာတော့ DeepSeek ကို အချက်အလက်လုံခြုံရေးစိုးရိမ်မှုကြောင့် ပိတ်ပင်တာတွေ ရှိလာနေပါတယ်။

image