Mobile AI ကွန်ရက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းခဲဲ့တဲ့ Samsung နဲ့ Nvidiax
Samsung ကနေ AI-RAN (Artificial Intelligence in Radio Access Networks) နည်းပညာများကို မြှင့်တင်ရန်အတွက် Nvidia နှင့် ပူးပေါင်းမှုတစ်ခုကို ကြေညာခဲ့ပါတယ်။ ပူးပေါင်းမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ Nvidia ရဲ့ စွမ်းဆောင်ရည်မြင့် Computing platform များနှင့် Samsung ရဲ့ virtualized ဖြေရှင်းနည်းများကို ပေါင်းစပ်ပြီး Mobile Network အတွက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ထိရောက်မှုကို မြှင့်တင်ဖို့အတွက်ဖြစ်ပါတယ်။
ကွန်ရက်တစ်မျိုး (ဥပမာ - 5G Network) ပါ။ Nvidia ရဲ့ Grace CPU / GPU-based AI တွေကို Samsung ရဲ့ virtual network နဲ့ ပေါင်းစပ်ပြီး လူဦးရေထူထပ်တဲ့ မြို့ပြတွေ ဒါမှမဟုတ် ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေမှာ မိုဘိုင်းကွန်ရက်ကောင်းကောင်းရနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။
ဒီပူးပေါင်းမှုအတွက် Samsung Electronics ရဲ့ ဒုတိယဥက္ကဋ္ဌ June Moon နဲ့ NVIDIA Senior Vice President Ronnie Vasishta တို့က AI နည်းပညာဟာ လက်ရှိနယ်ပယ်တိုင်းကို အကောင်းဆုံးဖြစ်အောင်လို့ ပြောင်းလဲပေးနေတာမို့ အခုလိုမျိုး မိုဘိုင်းကွန်ရက်နဲ့ပတ်သက်ပြီးလည်း AI နည်းပညာဟာ အကောင်းဆုံးပံ့ပိုးပေးနိုင်မဘယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုထားပါတယ်။
နောက်ပြီး AI-RAN ဟာ ကွန်ရက်အသုံးပြုမှု၊ ထိရောက်မှုနဲ့ စွမ်းဆောင်ရည်တို့မှာ ပြောင်းလဲမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်တဲ့ အရေးကြီးဆုံး နည်းပညာတစ်ခုဖြစ်ပြီး မျိုးဆက်သစ် AI ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်မယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။
