8 w - Translate

Android 16(Beta 3)Official Released
Google သည် Android 16 Beta 3 ကိုပြသခဲ့ပြီး Platform Stability ရရှိရန်APIs များနှင့် လိုအပ်သောအဆုံးသတ်ခြင်းများကိုလုပ်ဆောင်ခဲ့သည်။

Update အသစ်မှာ Developer နှင့် Appများအတွက်ကြီးကြီးမားမားပြောင်းလဲမှုမရှိလို့စိတ်ပူစရာမလိုဘူးလို့လဲပြောကြားထားပါသေးတယ်။

Update အသစ်ကို Pixel ဖုန်းများမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။Beta version ကိုတော့လာမည့်ဧပြီလတွင်စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ဇွန်လမှာတော့ stable version ထွက်မယ်လို့သိရပါတယ်။Google သည် Q4 2025 မှာအတွက်အနည်းငယ်သော Android update ကိုလည်းကြေညာခဲ့ပြီး အချို့ကိုအရိပ်အမြွက်အဖြစ်အသိပေးခဲ့ပါတယ်။

Platform Stability သို့ရောက်ရှိပြီဖြစ်သောကြောင့် Developer များကိုမိမိတို့၏ App များကိုစတင်ပြီးမြှင့်တင်ထားရန်တိုက်တွန်းထားသည်။ Android 16 ၏မဖြစ်မနေသိထားသင့်သော အကြောင်းအရာများနှင့်feature အသစ်များကို အသုံးပြုသူများနှင့် Developer များမကြာမီတွေ့မြင်ရတော့မှာလဲဖြစ်ပါတယ်။

image